Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ WY/R စာတန်းပါ စိတ်ကြွဆေးပြား ၂၅သန်းကျော်သိမ်းဆည်းရမိ


ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ WY/R စာတန်းပါ စိတ်ကြွဆေးပြား ၂,၅၂၅,၂၅၀ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ်၊ နယ်မြေ(၅)၊ ကြက်ရိုးပြင်ကျေးရွာရှိ လူနေထိုင်ခြင်းမရှိသည့် နေအိမ်အား ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီခန့်တွင် သတင်းအရ ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ နေအိမ်အပေါ်ထပ်အိပ်ခန်းအတွင်းမှ ဆာလာအိတ် ၃ အိတ်ဖြင့် ထည့်ထားသည့် WY/R စာတန်းပါ စိတ်ကြွဆေးပြား ၅၈၅,၀၀၀ အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သဖြင့် ငါးခူရနယ်မြေ ရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ–MOI)

အလားတူ ဒီဇင်ဘာလ ၆ရက်နေ့ မွန်းလွဲ၁၂နာရီခွဲ ခန့်တွင် မောင်တောမြို့နယ်၊ နယ်မြေ(၆)၊ မောင်တော-ဘူးသီးတောင်သွားကားလမ်း၊ (၆)မိုင်စစ်ဆေးရေးရဲကင်း စခန်း တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ ဘူးသီးတောင်မြို့မှ မောင်တောမြို့ဘက်သို့ ညီမျိုးသန့် (ဖ)ဦးအောင်ကျော်မောင်းနှင်ပြီး ယာဉ်နောက်လိုက် အာဇီဇူလောင် (ဖ) အဘူတာဟတ်တို့ ၂ ဦးတို့ လိုက်ပါလာသည့် YGN 2J/——- Nissan UD ယာဉ်အား သတင်းအရ ရပ်တန့်စစ်ဆေးခဲ့ရာ မားမားခေါက်ဆွဲဖာများအတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၉၄၀၂၅၀ခန့်အား ဖမ်းဆီးရမိခဲ့သဖြင့် ပြင်ဖြူနယ်မြေရဲစခန်း၌ အမှုရေးဖွင့်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း မှာ ၂,၅၂၅,၂၅၀ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.