Connect with us

Politics, Law & Military

အဂတိ လိုက်စားမှုကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်နိုင်ရန် အဂတိ တိုက်ဖျက်ရေး ဥပဒေကို ပြန်စိစစ်မည်

ဒုတိယ အကြိမ်ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် နှစ်ရှည်လများ အမြစ်တွယ် ကြီးထွားလျက် ရှိသည်ဟု လွှတ်တော် ကိုယ်စားလှယ်များ သုံးသပ် ဆွေးနွေးထားသည့် အဂတိ လိုက်စားမှုကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်နိုင်ရန် အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြန်လည်စိစစ် လေ့လာ သုံးသပ်ပေးရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီအား ပန်ကြားခဲ့သဖြင့် ထို ဥပဒေကို ပြန်လည် စိစစ်တော့မည် ဖြစ်သည်။

“အဂတိလိုက်စားမှုများကို ထိရောက်စွာ တိုက်ဖျက်မယ် ဆိုရင် ပြည်ထောင်စု အစိုးရကို တိုက်တွန်းရုံနဲ့ မလုံလောက်နိုင်ပါဘူး။ အဂတိ ကင်းစင်တဲ့ လူ့အသိုက်အဝန်း ဖြစ်ဖို့ အတွက် နိုင်ငံတော် အစိုးရ၊ လွှတ်တော်များ၊ အဖွဲ့အစည်း အသီးသီး၊ မီဒီယာများ၊ ပြည်သူလူထု တစ်ရပ်လုံးက ခိုင်လုံတဲ့ အထောက်အထားများနဲ့တိကျမှန်ကန်စွာ ဖော်ထုတ်ပြီး တိုင်ကြားကြဖို့ပန်ကြားအပ်ပါတယ်။ ဥပဒေကြမ်း ကော်မတီ အနေနဲ့ အဂတိ လိုက်စားမှုကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်နိုင်ရန် အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြန်လည်စိစစ် လေ့လာ သုံးသပ်ပေးပါရန် ပန်ကြားအပ်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။
မြောက်ဥက္ကလာပ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းက ပြည်သူ့ လွှတ်တော် သို့တင်သွင်းခဲ့သည့် “နိုင်ငံ အဝန်း အဂတိ လိုက်စားမှုများ ထင်ရှား သိသာစွာ ကျဆင်း လျော့ပါးရန် အတွက် ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးတို့က သြဂုတ်လ ၉ ရက် နှင့် ၁၀ ရက်တို့တွင် ထောက်ခံ ဆွေးနွေးကြအပြီး၌ ပြည်သူ့လွှွှတ်တော် ဥက္ကဋ္ဌက ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးကသူတို့က မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပါအဝင် ကဏ္ဍမျိုးစုံ၌ အကျင့်ပျက်ခြစား အဂတိ လိုက်စားမှုများ ဖြစ်ပွားနေခြင်းကို မိမိတို့မဲဆန္ဒနယ်၌ လက်ရှိ ကြုံတွေ့နေရသည့် ဖြစ်ရပ်များကိုပါ ဖော်ပြပြီး ဒေါက်တာ သန်းဝင်း၏ အဆိုကို ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို လွှတ်တော်က ၂၀၁၃ သြဂုတ်လ ၇ ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ၂၀၁၃ နှစ်အကုန်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို လုပ်ပိုင်ခွင့် အပြည့်ရှိ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်း ပေးခဲ့သော်လည်း အကျိုးသက်ရောက်မှုပိုင်းတွင် သိသာသော ထိရောက်မှုများ မရှိကြောင်း၊ တရားဥပဒေ စိုးမိုးမှု အားနည်းရခြင်းမှာလည်း အဂတိလိုက်စားမှုများကြောင့်သာ ဖြစ်ကြောင်း ဝေဖန် ထောက်ပြ ဆွေးနွေးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.