Connect with us

Politics, Law & Military

TNLA၊ AA၊ MNDAAအဖွဲ့ သုံးဖွဲ့ ၂၁ရာစုပင်လုံညီလာခံတွင် ပါဝင်နိုင်ရေး ထုတ်ပြန်ချက်ထုတ်ပြန်ရန် မူအားဖြင့် သဘောတူခဲ့ဟု ငြိမ်းချမ်းရေးကော်မရှင်ဆို

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့်TNLA၊ AA၊ MNDAAတို့ သြဂုတ်လ ၉ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ -ငြိမ်းချမ်းရေးကော်မရှင်)

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် TNLA၊ AA၊ MNDAA သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာ ၂၁ရာစုပင်လုံညီလာခံတွင် ပါဝင်နိုင်ရေး ထုတ်ပြန်ချက်ထုတ်ပြန်ရန် မူအားဖြင့် သဘောတူခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲ တွင် ငြိမ်းချမ်းရေးကိုရှေးရှုပြီး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြကာ တွေ့ဆုံဆွေးနွေးမှု မှ အဆိုပါ အဖွဲ့ သုံးဖွဲ့အနေဖြင့် ၂၁-ရာစု ပင်လုံတွင် ပါဝင်နိုင်ရေးအတွက် ကြေညာချက်ထုတ်ပြန်ရန် မူအားဖြင့်သဘောတူခဲ့ကြောင်း၊ ကြေညာချက်ထုတ်ပြန်နိုင်ရေးအတွက် ၎င်းတို့တစ်ဖွဲ့ချင်းစီ၏ ဗဟိုကော်မတီ အစည်းအဝေးများကျင်းပပြီး ဆက်လက်ဆောင်ရွက်ရန် ညှိနှိုင်းသဘောတူခဲ့ကြကြောင်း ၎င်းကဆိုသည်။
ငြိမ်းချမ်းရေးကော်မရှင်မှ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော် ခေါင်းဆောင်ပြီး အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)၊ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ကြည် တို့ပါဝင်သော အဖွဲ့သည် ရန်ကုန်၊ကျိုင်းတုံ၊မိုင်းလား ခရီးစဉ်အတိုင်း သြဂုတ်လ (၈)ရက်နေ့တွင်သွားရောက်ခဲ့သည်။
ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့သည် မိုင်းလားတွင် TNLA ဥက္ကဋ္ဌ ဦးတာအိုက်ဖုန်း၊ AA ဥက္ကဋ္ဌ ဦးထွန်းမြတ်နိုင်၊ MNDAA ဥက္ကဋ္ဌ ဦးဖုံတာရွှင် ၊MNDAA အတွင်းရေမှူး ဦးထွန်းမြတ်လင်းတို့နှင့် သြဂုတ်လ ၉ ရက်နေ့ ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်း ဆွေးနွေးရာတွင် ရင်းနှီးပွင့်လင်းစွာ ဖြင့် မိမိတို့၏ သဘောထားများကိုထုတ်ဖေါ်ပြောကြားနိုင်ခဲ့ကြသဖြင့် ယုံကြည်မှုတည်ဆောက်ရေးတွင် အဆင့်တစ်ခုသို့တက်လှမ်းနိုင်ခဲ့ကြသည်ဟု ငြိမ်းချမ်းရေးကော်မရှင်က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.