Politics, Law & Military
ဧရာဝတီတိုင်းဝန်ကြီးချုပ် အမည်စာရင်းတင်သွင်း

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်ကို ယနေ့ကျင်းပသော ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး၌ အမည်စာရင်းတင်သွင်းလိုက်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
လစ်လပ်နေသည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နေရာတွင် ခန့်အပ်ရန် အတွက် မြန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်ကို နိုင်ငံတော်သမ္မတက အမည်စာရင်းပေးပို့တင်သွင်း လာခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်လစ်လပ်ရာထူးနေရာအတွက် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတမှပေးပို့လာသော ဝန်ကြီးချုပ်အသစ်၏ အမည်စာရင်းအဆိုပြုခြင်းအားလွှတ်တော်ဥက္ကဋ္ဌမှကြေညာခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်၏ သဘောထားအဆုံးအဖြတ်ရယူခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)