Connect with us

Politics, Law & Military

တိုင်းရင်းသား အရေးကို ဦးစားပေး ဆောင်ရွက်မှ အမျိုးသား ပြန်လည်သင့်မြတ်မည်

တိုင်းရင်းသား လူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ ဖြိုး တိုးတက်မှု ဖိုရမ်၌ နိုင်ငံတော် ဒုတိယ သမ္မတ(၂) ဦးဗန်ထီးယူ အဖွင့် အမှာ စကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တိုင်းရင်းသား အရေး၊ တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးရေးတို့ကို ဦးစားပေး ဆောင်ရွက်သွားမှသာ အမျိုးသား ပြန်လည် သင့်မြတ်မည်ဖြစ်ကြောင်း ယနေ့ကျင်းပသော တိုင်းရင်းသား လူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ဖိုရမ်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က သဝဏ်လွှာ ပေးပို့ခဲ့သည်။

…. “တိုင်းရင်းသား အရေး၊ တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးရေးတို့ကို ဦးစားပေး ဆောင်ရွက်သွားမှသာ လက်တွေ့တိုးတက်မှု သာဓကများနှင့် အမျိုးသား ပြန်လည် သင့်မြတ်ပြီး ပြည်ထောင်စု ညီညွတ်ရေး ကို တည်ဆောက်နိုင်မည်” …. ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်က အဆိုပါ သဝဏ်လွှာကို ဖတ်ကြားရာတွင် …. “နှစ်ပေါင်း ၇၀ ကျော် သက်တမ်း ရှည်ကြာခဲ့ပြီဖြစ်သည့် ပြည် တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းရင်းသား ပြည်သူအားလုံး လိုလား တောင့်တ လျက် ရှိသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် အခြေခံ အုတ်မြစ်များ ချမှတ်နိုင်ရန် ဝိုင်းဝန်း ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း နှိုးဆော်လျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်” … ဟုလည်း ဖော်ပြ ပါရှိသည်။

တိုင်းရင်းသား လူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ဖိုရမ်သို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ပေးပို့သော သဝဏ်လွှာအား ပအိုဝ်းတိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်က ဖတ်ကြားစဉ် (ဆင်ဟွာ)

တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံ စုပေါင်း ရိုက်ကူးစဉ် (ဆင်ဟွာ)

တိုင်းရင်းသား လူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ဖိုရမ်တွင် နိုင်ငံတော် ဒုတိယ သမ္မတ ဦးဗန်ထီးယူ တက်ရောက်ပြီး အဖွင့် အမှာစကား ပြောကြားခဲ့ရာ … “ဒီနေ့ ကျင်းပတဲ့ ဖိုရမ်ဟာ တိုင်းရင်းသားတွေရဲ့ အတွေးသစ် အမြင်သစ်တွေ ဗဟုသုတတွေ ရရှိ ဖော်ထုတ်နိုင်စေဖို့ ကျင်းပတာ ဖြစ်လို့ အလွန်တန်ဖိုးရှိတဲ့ ဖိုရမ်ဖြစ်ပါတယ်၊ တိုင်းရင်းသား အများစု နေထိုင်တဲ့ တောင်တန်းဒေသ တွေမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် စီးပွား လုပ်ငန်း လုပ်ဆောင်ဖို့ အခြေအနေ ဖန်တီးခွင့် နည်းပါးပြီး စီးပွားရေး အခက်အခဲတွေ ကြုံနေရခြင်း ဖြစ်ပါတယ်၊ ဒီပြသနာတွေကို ဝိုင်းဝန်း အဖြေရှာဖို့ လိုအပ်ပါတယ်၊ ဘယ်လို အခက်အခဲ ဘယ်လို စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသား အားလုံး နိုင်ငံသားအားလုံးရဲ့ စည်းလုံးမှု အင်အားနဲ့ ဝိုင်းဝန်း ဆောင်ရွက်ရင် အောင်မြင်မယ်လို့ ယုံကြည်ပါ တယ်” … ဟု ထည့်သွင်း ပြောကြားခဲ့သည်။

နေပြည်တော် မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပသည့် အဆိုပါ ဖိုရမ်သို့ တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် အတူ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီး များ၊ တိုင်းဒေသကြီး ပြည်နယ်များမှ တိုင်းရင်းသား ရေးရာ ဝန်ကြီးများ၊ လွှတ်တော် အသီးသီးမှ ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း / ဒေသ ဦးစီး အဖွဲ့များမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ၊ နိုင်ငံ တကာ မိတ်ဖက်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ပညာရှင်များ တက်ရောက်ခဲ့ကြပြီး ဖိုရမ်အား ဇန်နဝါရီ ၁၈ ရက်မှ ၁၉ ရက်အထိ နှစ်ရက်တိုင် ပြုလုပ်သွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.