Connect with us

Politics, Law & Military

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ရက် ဇူလိုင်လ နောက်ဆုံးပတ်၌ ကြေညာမည်

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲထည့်နေသူတစ်ဦး (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ဇူလိုင်လ နောက်ဆုံးပတ်၌ ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို အစောဆုံး ဇွန်လနှင့် နောက်အကျဆုံး ဇူလိုင်လတွင် ထုတ်ပြန်မည် ဖြစ်ပြီး ယင်းကျင်းပမည့်ရက် တရားဝင် ဖြစ်ပြီးလျှင် တစ်နိုင်ငံလုံး မဲဆန္ဒရှင် စာရင်း အပြီးသတ် ထုတ်ပြန်ခြင်း၊ ကိုယ်စားလှယ် လောင်းများ အမည်စာရင်း တောင်းခံခြင်းနှင့် မဲဆန္ဒနယ်များ သတ်မှတ်ခြင်း စသည့် ရွေးကောက်ပွဲ ဆိုင်ရာများကို ဆက်လက် လုပ်ဆောင် ရမည်ဖြစ်ကြောင်းသိရသည်။

အခြေခံ မဲဆန္ဒရှင် စာရင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အဆင့်ဆင့် ကောက်ယူနေပြီး တစ်နိုင်ငံလုံး မဲဆန္ဒရှင် စာရင်းကို သြဂုတ်လ အတွင်း အပြီးသတ် ပြုစုမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အလုပ်အမှုဆောင်များနှင့် ဧပြီလ (၂၈) ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

၂၀၁၅ တွင် ဒုတိယ အကြိမ် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အတွက် ပါတီ အများအပြား ပြင်ဆင်မှုများ ပြုလုပ်လျှက် ရှိသည်။

မြန်မာနိုင်ငံတွင် တရားဝင် နိုင်ငံရေးပါတီ ၇၁ ပါတီရှိပြီး ဧပြီလ (၂၂) ရက်နေ့ထိ နိုင်ငံရေးပါတီ တည်ထောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ နိုင်ငံရေးပါတီသစ် ၁၇ ပါတီ လျှောက်ထား လျှက်ရှိသည်။

၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ နိုင်ငံရေး ပါတီသစ် တည်ထောင်ခွင့် ပြုရန် လျှောက်ထားမှု များထဲမှ နိုင်ငံရေးပါတီ ၁၅ ပါတီကို တည်ထောင်ခွင့် ပြုရန် စိစစ်နေပြီ ဖြစ်သည်။

နိုင်ငံရေးပါတီများ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ယခုနှစ် ဧပြီ (၃၀) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် မတ်လ (၁၁) ရက်နေ့ က သတင်းထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ပထမအကြိမ် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပခဲ့ပြီး လစ်လပ်နေရာ များအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီ (၁) ရက်နေ့တွင် ကျင်းပခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.