Connect with us

Politics, Law & Military

ဖားကန့်တိုက်ပွဲကိစ္စ အစိုးရတပ်နှင့် KIO ဆွေးနွေးမည်

မြန်မာ တပ်မတော် ဂုဏ်ပြု အဖွဲ့မှ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနား တက်ရောက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်နှင့် တနိုင်းဘက် အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သတ်ပြီး အစိုးရတပ်နှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ယခု ရက်ပိုင်းအတွင်း တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့ထံမှ သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) မှ ကိုယ်စားလှယ်များ ပါဝင်သော ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့နှင့် အစိုးရတပ်တို့သည် ယခုအပတ်အတွင်း ဖြစ်ပွားသော တိုက်ပွဲများနှင့် ပတ်သတ်၍ ဆွေးနွေးမည် ဖြစ်ပြီး အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ဧပြီလ ၂၅ (သို့မဟုတ်) ၂၆ ရက် ဝန်းကျင်တွင် သတ်မှတ်ထားကာ မြစ်ကြီးနား KIO ဆက်ဆံရေး ရုံးတွင် တွေ့ဆုံမည် ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကေအိုင်အိုဘက်မှ ဗိုလ်မှူးကြီး ဇော်တောင်၊ ဗိုလ်မှူးကြီး ခွန်နောင်၊ ဗိုလ်မှူးကြီး နော်လီ၊ ဗိုလ်မှူး တိန်ပွမ်နှင့် ဦးခွန်ဂျာခုမ်၊ အစိုးရဘက်မှ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သည့် မကခ ဒုတိုင်းမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊ စစ်ဦးစီးမှူး ပထမတန်း (စစ်ဆင်ရေး) စသည့် ပဋိပက္ခ ညှိနှိုင်းရေး အဖွ့ဲ့ဝင်များ အဓိက ဆွေးနွေးမည် ဖြစ်သည်။

ကချင်ပြည်နယ် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ၌ ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် KIO တို့ သဘော တူညီချက်ဖြင့် အစိုးရဘက်မှ ကိုယ်စားလှယ် ၅ ဦးနှင့် ကေအိုင်အိုဘက်မှ ကိုယ်စားလှယ် ၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာ၌ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း အပစ်ခံရပြီးနောက် ဆွေးနွေးပွဲများ ရပ်ဆိုင်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.