Connect with us

Politics, Law & Military

ပန်ခမ်း(ပန်ဆန်း) မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ ညီလာခံစတင် ကျင်းပ

ပန်ခမ်း(ပန်ဆန်း) မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ ညီလာခံ ကျင်းပနေပုံ (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ)

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပန်းခမ်း(ပန်းဆန်း) မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ ပါဝင်သော ၆ ရက်ကြာ ကျင်းပမည့် တိုင်းရင်းသား ညီလာခံကို မေလ ၁ ရက်နေ့၌ စတင် ကျင်းပလျက်ရှိသည်။

ထိပ်သီး တိုင်းရင်းသား ညီလာခံသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ရေး အတွက် အရေးပါသည့် ညီလာခံတစ်ခုဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲမှ ရရှိမည့် သဘောထားနှင့် ပြည်ထောင်စု အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ပြီး အဆုံးသတ်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ထိုးမည် ဖြစ်ကြောင်း ဝ ပြည် သွေးစည်း ညီညွတ်ရေးတပ် (UWSP/UWSA ) စစ်သေနာပတိချုပ် ဦးပေါက်ယိုချန်းက မိန့်ခွန်း အတွင်း ထည့်သွင်းပြောကြားသည်။

ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ် (UWSP/UWSA) ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ခမ်းမြို့၌ ယနေ့ (မေ ၁ ရက်) မှ စတင်ကျင်းပသည့် တိုင်းရင်းသား ညီလာခံသည် ၆ ရက် ကြာကျင်းပမည်ဖြစ်ပြီး ယင်းထိပ်သီး အစည်းအဝေးသို့ ဖိတ်ကြားထားသည့် အဖွဲ့ ၁၂ ဖွဲ့ မှ စုစုပေါင်း ၁၂၅ ဦး ပန်ခမ်းမြို့သို့ ရောက်ရှိနေပြီဖြစ်ပြီး တရားဝင် ကိုယ်စားလှယ်မှာ ၆၀ ဦးဖြစ်ကာ တင်သွင်းမည့် စာတမ်း ၁၀ စောင်အား လက်ခံရရှိပါသည်ဟု ပန်ခမ်း(ပန်ဆန်း) ထိပ်သီးအစည်းအဝေး အတွင်းရေးမှူးအဖွဲ့ မှ ဧပြီလ ( ၃၀) ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။