Connect with us

Politics, Law & Military

၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲ စတင် ကျင်းပ


ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

လစ်လပ် မဲဆန္ဒနယ် ၁၃ နေရာ အတွက် ကြားဖြတ် ရွေးကောက်ပွဲအား ယနေ့နိုဝင်ဘာ ၃ ရက် နံနက် ၆ နာရီမှ စတင်၍ သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးတွင် စတင် ကျင်းပလျက် ရှိကြောင်း သိရသည်။

မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် နိုင်ငံသား တစ်ယောက်၏ မူလ အခွင့်အရေး မဆုံးရှုံးစေရန် အတွက် ရွေးကောက်ပွဲ ကျင်းပသည့် နေ့တွင် မဲရုံသို့ သွားရောက်၍ ဆန္ဒမဲပေးကြရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အသိပေး နှိုးဆော်ထားကြောင်း သိရသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲ လာရောက် ပေးနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲ လာရောက် ပေးနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ကြားဖြတ် ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၂၄ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၂ ဦး နှင့် တစ်သီး ပုဂ္ဂလ ၇ ဦး စုစုပေါင်း ၆၉ ဦး ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံကြမည် ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၈ ခုနှစ်တွင် ကျင်းပသော ကြားဖြတ် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၉ ခုရှိ လစ်လပ် မဲဆန္ဒနယ် ၁၃ နေရာတွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ ဦးရေ ၉၀၂,၇၅၀ ဦး ရှိပြီး ဆန္ဒမဲရုံ စုစုပေါင်း ၁၃၈၃ ရုံ ရှိကြောင်း သိရသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၉ ဦးတွင် ပြည်သူ့လွှတ်တော်တွင် ၁၉ ဦး ၊ အမျိုးသား လွှတ်တော်တွင် ၆ ဦး ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွင် ၃၉ ဦးနှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး) တွင် ၅ဦး တို့ပါဝင်ကြောင်း သိရသည်။

လစ်လပ် မဲဆန္ဒနယ်များတွင် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်မှုများ အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ နေရာပြည့် ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)မှ လစ်လပ် မဲဆန္ဒနယ် ၁၀ နေရာတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးမည့်သူများ အနက် အကြောင်း အမျိုးမျိုးကြောင့်သော် လည်းကောင်း ၊ သဘာဝဘေး အန္တရာယ်ကြောင့်သော် လည်းကောင်း ၊ မှတ်ပုံတင် အစရှိသည့် အထောက်အထားများ ပျောက်ဆုံး/ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မဲဆန္ဒရှင်များ အနေဖြင့် မိမိတို့၏ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် ရွေးကောက်ပွဲ ကျင်းပသည့် နေ့တွင် မဲစာရင်းတွင် ပါဝင်သည့် မဲဆန္ဒရှင် အမှန် ဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ကို မဲရုံ၌ မဲရုံမှူးထံ တစ်ပါတည်း တင်ပြ၍ ဆန္ဒမဲ ပေးနိုင်ကြောင်း သိရသည်။

ထို့အတူ ထောက်ခံချက်ကို မတင်ပြနိုင်ခဲ့သော်လည်း ထိုသူသည် မဲစာရင်းတွင် ပါဝင်သည့် မဲဆန္ဒရှင် အမှန် ဖြစ်ကြောင်း မဲရုံ၌ တာဝန်ခံ၍ ပြောဆိုနိုင်ခဲ့သူ ရှိလျှင်လည်း ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အတွက် မဲဆွယ် စည်းရုံးခွင့် ကာလကို စက်တင်ဘာ ၃ ရက် ၊ နံနက် ၆ နာရီ မှ နိုဝင်ဘာ ၁ ရက် ၊ ည ၁၂ နာရီ အထိ ရက်ပေါင်း ၆၀ သတ်မှတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြားဖြတ် ရွေးကောက်ပွဲ အတွက် လုံခြုံရေးအား ရွေးကောက်ပွဲမတိုင်မီ အကြိုကာလ ၊ မဲဆွယ်စည်းရုံး နေသည့် ကာလ ၊ ရွေးကောက်ပွဲ ကျင်းပစဉ်ကာလ နှင့် ရွေးကောက်ပွဲ ကျင်းပပြီးနောက် လုံခြုံရေးဟူ၍ ကာလ ၄ ခု သတ်မှတ် ဆောင်ရွက်နေကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ် အရွက်ရေ စုစုပေါင်း ၁,၁၂၉,ဝ၅ဝ ရိုက်နှိပ်ခဲ့ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကြိုတင် ဆန္ဒမဲပေးခြင်းအား အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၂ ရက် အထိ သတ်မှတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲရလဒ် ကြေညာခြင်းများကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၉ (ခ) နှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.