Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့၌ ရွှေဆိုင်တစ်ဆိုင်အား လုယက်မှုဖြစ်ပွား

လောက်ကိုင်မြို့၌ ရွှေဆိုင်တစ်ဆိုင်အား လုယက်မှုဖြစ်ပွားခဲ့ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့၌ ရွှေဆိုင်တစ်ဆိုင်အား လုယက်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ ၁၈း၄၀နာရီ အချိန် လောက်ကိုင်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ဒေါ်….(၃၆)နှစ် ပိုင်ဆိုင်သော ရွှေဆိုင်သို့ အမျိုးသား ၂ ဦး (စိစစ်ဆဲ) သည် မျက်နှာဖုံးစွပ် ဓါး/ပုဆိန် ကိုင်လျက် ဝင်ရောက်လာပြီး မှန်ကောင်တာများအား ရိုက်ခွဲ၍ ရွှေဆွဲကြိုး ၃၀ ကုံးခန့်တို့အား လုယူ၍ ၁၈း၄၅နာရီ အချိန်တွင် ရွှေဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ မင်ဆူလမ်းသွယ်(၂)အတိုင်း ခြေလျင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်…မှ တိုင်တန်း၍ အမျိုးသား ၂ ဦး(စုံစမ်းဆဲ)အား လောက်ကိုင်မြို့မရဲစခန်း(ပ) ၂၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၄၂၇ (လုယက်မှု/ အကျိုးဖျက်ဆီးမှု)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.