Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ကျပ်သိန်းပေါင်း ၁၉,၅၀၀ တန်ဖိုးရှိစိတ်ကြွဆေးပြားများဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် စိတ်ကြွဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ-- ရဲဇာနည်)

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ စိတ်ကြွဆေးပြားတစ်ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး ၁,၉၅၀,၀၀၀,၀၀၀ ကျပ်)စိတ်ကြွဆေးပြား ၉၇၅,၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် ပူးပေါင်းအဖွဲ့မှ သတင်းအရ ဘူးသီးတောင်မြို့နယ်၊ မီးရထားဆိပ်ရပ်ကွက်၊ သင်္ဘောဆိပ်၌ စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ကုန်များ တင်ဆောင်ရောက်ရှိလာသည့် အောင်ကျော်မိုး သင်္ဘောအား ရှာဖွေရာ သင်္ဘောကုန်းပတ်ပေါ်ရှိ ငါးများ ထည့်ထားသည့်ရေခဲပုံး ၄ ပုံးအတွင်း လျှို့ဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၉၇၅,၀၀၀ ပြား ( ၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး ကျပ်သိန်းတစ်သောင်းကိုးထောင့်ငါးရာ)အား သိမ်းဆည်းရမိခဲ့ သဖြင့် ဘူးသီးတောင်မြို့မရဲစခန်း မူးယစ်(ပ)၁၉/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉(က)/၂၁ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.