Connect with us

Politics, Law & Military

အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များကို ပေါင်းစပ်ရန် အရေးကြီးဟု သမ္မတဆို

၆၇ နှစ်မြောက်လွတ်လပ်ရေးနေ့ ဗိုလ်ရှု့ခံအခမ်းအနားတွင် မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေပုံ(ဆင်ဟွာ)

၆၇ နှစ်မြောက်လွတ်လပ်ရေးနေ့ ဗိုလ်ရှု့ခံအခမ်းအနားတွင် မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေပုံ(ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများမှ ပေါ်ပေါက်လာမည့် ပင်မ နိုင်ငံရေးဖြစ်စဉ်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုသည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များကို ပေါင်းစပ်နိုင်ရန် အရေးကြီးကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုမိန့်ခွန်း အတွင်း ထည့်သွင်းပြောကြားသည်။

နိုင်ငံရေးဖြစ်စဉ်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ် ပေါင်းစပ်နိုင်လျှင် မြန်မာနိုင်ငံ လူ့အဖွဲ့အစည်း အတွက် အရေးကြီးသည့် လိုအပ်ချက်ဖြစ်သော ဖယ်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုတစ်ရပ် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း သမ္မတက ဆိုသည်။

နိုင်ငံရေး သဘောထား ကွဲလွဲမူများကို အခြားသောနည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုးပမ်းခဲ့ကြသည့် လက်နက်ကိုင် အင်အားစုများရှိပြီး ယင်းလက်နက်ကိုင်များ အနေဖြင့်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် နိုင်ငံရေးအရ အဖြေရှာခြင်းလုပ်ငန်း များတွင် ထဲထဲဝင်ဝင် ပါဝင်လာရန် အချိန်အခါကောင်း ဖြစ်ကြောင်း၊ လက်နက်ကိုင် နိုင်ငံရေး အင်အားစုများအနေဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့် ပင်မနိုင်ငံရေးဖြစ်စဉ် အတွင်း တိုက်ရိုက် ပါဝင်ပတ်သတ်ရန် လိုအပ်ကြောင်း သမ္မတက မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားသည်။

နိုင်ငံရေး အင်အားစုများအနေဖြင့်လည်း ရွေးကောက်ပွဲနည်းဖြင့်သာ နိုင်ငံရေး အဖြေရှာဖွေကာ မှန်ကန်သော နိုင်ငံရေးရွေးချယ်မူများကို ပြုလုပ်ရန် လိုကြောင်း ၎င်းက ဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးလုပ်ငန်းစဉ်များ အပြိုင်ပေါ်ပေါက်ရေးသည် အလွန်အရေးကြီးသော နိုင်ငံရေးဖြစ်စဉ်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

နိုင်ငံရေးအင်အားစုများ အင်တိုက်အားတိုက် ပါဝင်ယှဉ်ပြိုင်နိုင်မည့် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပနိုင် မည်ဖြစ်ကြောင်း သမ္မတက ဆိုသည်။

နိုင်ငံတော်သမ္မတအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရန်၊ ပြည်သူများ၏ စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်လာရန် တစိုက်မတ်မတ် ဆောင်ရွက်လျက် ရှိကြောင်း သမ္မတ က ဆိုသည်။

၂၀၁၄ ခုနှစ်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမူ အမေရိကန် ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံ ထိ တိုးတက်ကာ ခရီးသွား လုပ်ငန်းများတွင်လည်း ပြည်ပမှ လာရောက်လည်ပတ်သူ သုံးသန်းကျော်ရှိခဲ့ပြီး အမေရိကန် ဒေါ်လာ သုံးဘီလီယံခန့် တိုးတက်ခဲ့ကြောင်း၊ ကုန်သွယ်မူနှင့် ပတ်သတ်ပြီး အရေးကြီးသည့် နားလည်မူစာချွန်လွှာများ ချုပ်ဆိုခဲ့ကာ ကုန်သွယ်မှု စီးဆင်း ငွေသည်လည်း ကျပ် ဘီလီယံ ၂၀ ထိ တိုးတက်ခဲ့ကြောင်း သမ္မတ ဦးသိန်းစိန် မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)