Connect with us

Politics, Law & Military

လွတ်လပ်ရေးနေ့တွင် ဗိုလ်ရှုခံ သဘင် ပြန်လည်ကျင်းပ

၆၇နှစ်မြောက် လွတ်လပ်ရေးနေ့ဗိုလ်ရှူခံအခမ်းအနားတွင်မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန် ဗိုလ်ရှူခံနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ပြီးခဲ့သည့် ၁၉၅၀ ခုနှစ်မှ စကာ မကျင်းပဖြစ်သည့် ဗိုလ်ရှုခံသဘင် အခမ်းအနားကို ၆၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပသည့် နေပြည်တော်တွင် ပထမအကြိမ် ပြန်လည်ကျင်းပခဲ့သည်။

မြန်မာပြည်သူများသည် တည်ငြိမ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကဆန္ဒရှိနေကြောင်းသမ္မတဦးသိန်းစိန်က ထိုအခမ်းအနားတွင် မိန့်ခွန်းထည့်သွင်းပြောကြားသည်။

၎င်းအနေဖြင့် အမှန်တကယ်ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေသော ကြောင့် မြန်မာ ပြည်သူများ အနေဖြင့် ထိုပြုပြင်ပြောင်းလဲရေး ကြောင့်ရရှိသည့် အသီးအပွင့်များကို ခံစားနေရပြီ ဖြစ်ကြောင်း ပြောသည်။

နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် ကြုံတွေ့ရမည့် အခက်အခဲနှင့် စိန်ခေါ်မှု များအား နိုင်ငံရေး အင်အား စုများနှင့်အတူ ဖော်ဆောင်နိုင်ရန် ၎င်းအနေဖြင့် တိုက်တွန်းကြောင်းဆိုသည်။

တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် စစ်မှန်သည့် ပြည်ထောင်စု ဖြစ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးသည် ၎င်း၏ ရည်မှန်းချက် ဖြစ်သည်ဟု ပြောကြားသည်။

“ပြုပြင်ပြောင်းလဲရေး အောင်မြင်ဖို့ အစိုးရတစ်ခုတည်း လုပ်ဆောင်လို့မရပါဘူး။ နိုင်ငံရေး အင်အားစုတွေဖြစ်တဲ့ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လူထု ပါဝင်ဖို့ လိုအပ်ပါတယ်။ အားလုံး ပူးပေါင်းပါဝင်ဖို့ အရေးကြီးပါတယ်” ဟုပြောသည်။

ထင်ရှားသည့် အောင်မြင်မှု အနေဖြင့် ပြောရမည်ဆိုလျှင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ဆက်လက်လုပ် ဆောင်နိုင်ခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီ ဖြစ်သည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဌတာဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပြီး အချိန်တို အတွင်းတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်နိုင်ခဲ့သည်။ ထိုကြောင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၏ ယုံကြည်မှုကို ရရှိခဲ့သည်ဟု ပြောသည်။

ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံဖြစ်ရန် အတွက်တစ်မျိုးသားလုံးနှင့် လက်တွဲလုပ်ဆောင် ရန် တိုက်တွန်းသည်ဟု မိန်ခွန်းတွင် ပြောကြားခဲ့သည်။

ဗိုလ်ရှုခံသဘင် အခမ်းအနားအား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့တက်ရောက်ရန် အစိုးရဘက်မှ ဖိတ်ကြားသော်လည်း ၁၂ ဖွဲ့သာတက်ရောက်ပြီး ၄ ဖွဲ့တက်ရောက်ခြင်း မရှိပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.