Politics, Law & Military
ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ငွေကျပ် ၈,၆၀၀ သိန်း တန်ဖိုးရှိ စိတ်ကြွသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ငွေကျပ် ၈,၆၀၀ သိန်း တန်ဖိုးရှိ စိတ်ကြွသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၉ ရက် ၁၄း၀၀နာရီတွင် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့၊ နားမခေါ်ကားကြီးဝင်းအတွင်း၌ လှိုင်မင်းထွန်းအား ရှာဖွေရာ ခရီးဆောင်အိတ် ၄ လုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၃၀,၀၀၀ ပြား၊ ငွေကျပ် ၉ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ လှိုင်မင်းထွန်း(၃၀)နှစ်အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)