Connect with us

Politics, Law & Military

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၃,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သက်သေခံပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ ငွေကျပ်သိန်းပေါင်း ၂၃,၈၅၄ တန်ဖိုးရှိ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က ဇူလိုင် ၉ ရက်တွင် သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက် ၁၃း၃ဝ နာရီ  အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချို-ရပ်စောက် သွားကားလမ်းတွင် မောင်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် ဒုဌဝတီမြစ်ကူးတံတားဘက်မှ နောင်ချိုမြို့ဘက်သို့ လားရှိုးမြို့၊  ရပ်ကွက်(၇)နေ စိုင်းစံမြင့်(ခ)မာန်အောင် ၃၂ နှစ်မောင်းနှင်ပြီး ကျောက်ပန်းတောင်းမြို့နယ်၊ မြင်သာတောင်ကျေးရွာအုပ်စု၊ ခါးပတ်ကျေးရွာနေ အောင်သောင်း ၂၆ နှစ် စီးနင်း လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈၀ဝ,ဝဝဝ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၁၆,ဝဝ၀)၊ ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့်ထားသည့်ဘိန်းဖြူအလေးချိန် ၂၆.၁၈ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇,၈၅၄ သိန်း)၊ လက်ကိုင် ဖုန်း ၃ လုံး၊ မော်တော်ယာဉ်နံပါတ်ပြား ၂ ခုနှင့် မြန်မာငွေကျပ် ၁၀ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖမ်းဆီးရမိသူများအားနောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.