Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး Community Based Policing ဆောင်ရွက်လျက်ရှိ - Xinhua News Agency
Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး Community Based Policing ဆောင်ရွက်လျက်ရှိ

Community Based Policing ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- ရန်ကုန်တိုင်းရဲတပ်ဖွဲ့)

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများပူးပေါင်းပါဝင်သည့် ရပ်ရွာအခြေပြုရှေ့ပြေးစီမံချက် Community Based Policing ကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၁၄ ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သောအဖွဲ့သည် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးဝင်းလိုက်ပါလျက် ရပ်ရွာအခြေပြု ရှေ့ပြေးစီမံချက်
ဆောင်ရွက်နေသည့် အင်းစိန်မြို့နယ်သို့ရောက်ရှိပြီး ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်နော်လှလှစိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်နှင့်
ဦးဝေဖြိုးဟန်၊ မြောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ အင်းစိန်မြို့နယ်
အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရပ်မိရပ်ဖများနှင့်
အတူ ယင်းမြို့နယ်ရှိ ဖော့ကန်ရပ်ကွက်တွင် ရွာမအရှေ့ရပ်ကွက်၊
ရွာမအနောက်ရပ်ကွက်၊ ကွက်သစ်ရပ်ကွက်၊ ပေါက်တောရပ်ကွက်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် ငစိန်လမ်းထောင့်၊ ဘုရင့်နောင်လမ်းနှင့် ပိတောက်လမ်းထောင့်၊ မြို့သစ်(က+ခ)ရပ်ကွက်များတွင် စီမံချက်ဆောင်ရွက်နေသည့် ရပ်ရွာအခြေပြုအဖွဲ့များနှင့်တွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ကြောင်းနှင့် ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ် ဝင်းနိုင်သည် မြောက်ပိုင်းခရိုင်
အုပ်ချုပ်ရေးမှူး ၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးတို့လိုက်ပါလျှက် လှိုင်သာယာ
မြို့နယ်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Community Based Policing ရပ်ရွာအခြေပြုရှေ့ပြေးစီမံချက်ကို မှုခင်းဖြစ်ပွားမှုအခြေအနေနှင့် နေထိုင်သူများ၏ဓလေ့စရိုက်ကိုအခြေခံ၍ုကနဦး ၄ မြို့နယ်အဖြစ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ကမာရွတ်မြို့နယ်၊ သန်လျင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင်ဆောင်ရွက်ခဲ့ပြီး
ရလဒ်ကောင်းများရရှိခဲ့သဖြင့် နောက်ထပ်တိုးမြှင့်၍ သာကေတမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်များကိုရွေးချယ်ကာ ၁.၈.၂၀၁၆ ရက်နေ့မှစ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.