Connect with us

Politics, Law & Military

ဧရာဝတီ-မြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများ လေ့လာ စိစစ် သုံးသပ်ခြင်း အပေါ် ထောက်ခံ ကြိုဆိုကြောင်း ACHC ကုမ္ပဏီမှ သဘောထား ထုတ်ပြန်

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်၏ သဘောထား ထုတ်ပြန် ကြေညာချက်အား တွေ့ရစဉ်(ဓာတ်ပုံ- ACHC)

ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

ဧရာဝတီ-မြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများ လေ့လာ စိစစ် သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းပြီး ယင်းစီမံကိန်းများနှင့် စပ်လျဉ်း၍ တာဝန်ရှိရှိ လေ့လာ စိစစ် သုံးသပ်ခြင်း အပေါ် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်ကုမ္ပဏီလီမိတက် (ACHC ကုမ္ပဏီ)မှ ထောက်ခံ ကြိုဆိုကြောင်း ယနေ့သြဂုတ်လ ၁၃ ရက်တွင် သဘောထား ထုတ်ပြန် ကြေညာခဲ့သည်။

စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာ ကာလတွင် ACHC ကုမ္ပဏီသည် မြန်မာနိုင်ငံ ဥပဒေများ ၊ သဘောတူစာချုပ် နှင့် စနစ်တကျ ဆောင်ရွက်ခဲ့ပြီး စီမံကိန်းများကို လေ့လာစိစစ်သုံးသပ်မည့် ကာလတွင်ACHCကုမ္ပဏီသည် “ဥပဒေ၊ Spirit of Contract နှင့် ကိုက်ညီရမည် ၊ လူမှုရေး တာဝန်ယူ ဆောင်ရွက်ရမည်” ဟူသောမူဝါဒ အတိုင်း ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ၊ လေ့လာ စိစစ် သုံးသပ်ရေး လုပ်ငန်း များကို ကျရာ တာဝန် ကူညီ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သဘောထား ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့လေ့လာ စိစစ် သုံးသပ်ရေး လုပ်ငန်း ဆောင်ရွက်ခြင်း အားဖြင့် ဧရာဝတီ-မြစ်ဆုံ မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်သော အကြောင်းအရာ အဖြစ်အမှန်ကို ပြည်သူလူထု သိရှိ နားလည်စေရန် ၊ နိုင်ငံတော်နှင့် ပြည်သူလူထုသည် မှန်ကန်သောဆုံးဖြတ်ချက် ပြုလုပ်စေရန် ၊ စီမံကိန်းများ၊ လုပ်ငန်းကုမ္ပ+ဏီ၏အကြောင်းအရာများကို တင်ပြရှင်းလင်းရန်၊ လုပ်ငန်းကုမ္ပဏီ၏ ဂုဏ်သိက္ခာ နှင့် တရားဝင် အခွင့်အရေး နှင့် အကျိုးများကို ကာကွယ်စောင့်ရှောက်ရန် အထောက်အကူပြု နိုင်သည့် အတွက် ACHC ကုမ္ပဏီသည် ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော် သမ္မတရုံးမှ သြဂုတ်လ ၁၂ ရက်တွင် ဧရာဝတီ-မြစ်ဆုံ မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းခြင်း အမိန့်ကြော်ငြာစာ (အမှတ် ၅၈/၂၀၁၆) အပေါ် ဧရာဝတီ-မြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက် (ACHCကုမ္ပဏီ)မှ ထိုကဲ့သို့သဘောထား ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.