Connect with us

Politics, Law & Military

e-Government စနစ်ကို အမြန်ဆုံး ထူထောင်ရန် အလွန်အရေးကြီးဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆို

e-Government ဦးဆောင်ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပစဉ်(သမ္မတရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် သတ်မှတ်ထားသည့် စီးပွားရေးရည်ရွယ်ချက် (၁၂) ရပ်ထဲတွင် e-Government ကိစ္စပါဝင်ပြီး e-Government စနစ်ကို အမြန်ဆုံး ထူထောင်ရန် အလွန်အရေးကြီးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Data ID Card System ၊ Digital Government Strategy နှင့် e-Government System ထူထောင်ရန် ဖြစ်ပါကြောင်း၊ ထိုသို့ ထူထောင်ခြင်းအားဖြင့် မိမိတို့နိုင်ငံသည် တိုးတက်နေသည့် ကမ္ဘာကြီးထဲသို့ ဝင်လာရုံတင်မကဘဲ မိမိတို့ရင်ဆိုင်နေရသည့် ပြဿနာများအတွက်ပါ ကျော်လွှားနိုင်မည့် အခွင့်အရေးများရရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

e-Government Master Plan တွင်ပါဝင်နေသည့် အစိုးရ၏ Electronic ဝန်ဆောင်မှုများကို ပြည်သူ အားလုံးသိရှိနားလည်ရေးအတွက် မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကွန်ပျူတာသုံး မြန်မာဘာသာစကားစနစ်ကို ပြုပြင်ရန်လိုအပ်ကြောင်း၊ ယခုအသုံးပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ International Standard Organization 10646 နှင့်ပိုမိုကိုက်ညီသည့် PyiDaungSu Font စနစ်နှင့် Keyboard ကိုအသုံးပြုရန် ဦးတည်ရမည်ဖြစ်ကြောင်း၊ နောင်တွင် တိုင်းရင်းသား ဘာသာ စကားများ ဖြင့်ပါ e-Government System ထိထိရောက်ရောက် သုံးနိုင်မည့် အခြေအနေကိုရောက်ရှိ မည်ဖြစ်သည့်အတွက် ယင်းစနစ်ကို အရေးတကြီးလုပ်ဆောင်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောသည်။

နိုင်ငံတော် အစိုးရအနေဖြင့် e-Government စနစ်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် e-Government ဦးဆောင်ကော်မတီကိုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နာယကအဖြစ်ဦးဆောင်၍ လုပ်ငန်းတာဝန် (၅)ရပ် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် e-Government အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီနှင့် e-ID စနစ်လုပ်ငန်းကော်မတီကိုဖွဲ့စည်းပြီးe-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီအောက်တွင် ဆပ်ကော်မတီ (၈)ခု၊ e-ID စနစ်လုပ်ငန်း ကော်မတီအောက်တွင် ဆပ်ကော်မတီ(၆)ခုနှင့် နေပြည်တော်/ တိုင်းဒေသ ကြီး/ ပြည်နယ်ဦးဆောင်ကြီး ကြပ်မှုအဖွဲ့နှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုတို့တွင် လုပ်ငန်းအဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်းပြီး လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆိုသည်။

အဆိုပါ e-Government ဦးဆောင်ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ e-Government ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.