Connect with us

Politics, Law & Military

ဥပဒေရေးရာ အထူးကိစ္စ ဆန်းစစ်ကော်မရှင် သက်တမ်းတိုးရေး လွှတ်တော် အတည်မပြု

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ သက်တမ်းတိုးမြှင့်ရေး ကိစ္စအား လွှတ်တော်က အတည်မပြုကြောင်း ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်နာယကက ကြေညာခဲ့သည်။

ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အစီအစဉ် အမှတ် ၇ အရ အဆိုပါ ကော်မရှင်၏ သက်တမ်း တိုးမြှင့်ရေးအတွက် လွှတ်တော်၏ သဘောထားကို မေးမြန်းရာတွင် ကန့်ကွက်သူများ ရှိသောကြောင့် စက်ခလုတ် အသုံးပြု ဆန္ဒမဲ ရယူခဲ့ရာ ကန့်ကွက်မဲ ၅၅၅ မဲ၊ ထောက်ခံမဲ ၂၀ မဲနှင့် ကြားနေ ၁၀ မဲ ရရှိခဲ့ပြီး ကန့်ကွက်မဲက များသောကြောင့် ထိုကော်မရှင်၏ သက်တမ်းတိုးရေးကို လွှတ်တော်က အတည်မပြုကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့ခြင်း ဖြစ်သည်။ အဆိုပါကော်မရှင်အား NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပြည်ထောင်စု လွှတ်တော်၌ ဖွဲ့စည်းခဲ့ပြီး နှစ်စဉ် တစ်နှစ် တစ်ကြိမ် သက်တမ်းတိုးခဲ့ရာ ယခုသီတင်းပတ်တွင် သုံးနှစ်ပြည့်ခဲ့ရာ နေပြည်တော် ဟိုတယ်ဇုန်တွင် ကော်မရှင်၏ သုံးနှစ်ပြည့် အထိမ်းအမှတ်ပွဲကို ကျင်းပခဲ့သည်။ ယနေ့တတိယအကြိမ် သက်တမ်းတိုးရေးအတွက် တင်ပြလာခြင်းအပေါ် လွှတ်တော်က ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.