Politics, Law & Military
မြန်မာနိုင်ငံနှင့် ESCAP တို့အကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံနှင့် ESCAP တို့အကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်၊ အာရှပစိဖိတ်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (ESCAP) ၏ အမှုဆောင်အတွင်းရေးမှူး Ms. Shamshad Akhtarတို့ တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးကထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ် ရေး၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စသည့်ကဏ္ဍများတွင် မြန်မာနိုင်ငံနှင့် ESCAP တို့အကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။ (Xinhua)