Connect with us

Politics, Law & Military

မောင်တောမြို့၌ ကျပ် သိန်း၉၀၀၀ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

မောင်တောမြို့တွင်း ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများအားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သြဂုတ်လ ၁၄ရက်နေ့ ညပိုင်း၌ ကျပ် သိန်း ၉၀၀၀ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။

ဘူးသီးတောင်-မောင်တောသွားကားလမ်းဟောင်း ဘေး လှိုဏ်ဂူငယ် အတွင်းရှိ ညာဖက်ရေမြောင်းထဲမှ ပုဆိုး ၁ ထည်နှင့်အတူ ဆာလာအိတ် ၃ အိတ်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အဆိုပါ ဆာလာအိတ် ၃ အိတ်အား ဖွင့်ဖောက်စစ်ဆေးရာ WYစာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၉၉၀၀ ပြားစီပါ အထုပ် ၄၈ ထုပ် အတွင်းမှ ငွေကျပ် ၉၅၀၄ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြား ၄၇၅၂၀၀ ပြားကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုင်ရှင်မဲ့ပစ္စည်းများ၏ တရားခံများ စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိရေး တောင်ဘဇာနယ်မြေစခန်း၌ အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.