Connect with us

Politics, Law & Military

မြင်းခြံ သံမဏိစက်ရုံ အချောသပ် လုပ်ငန်းများ အမြန်ဆုံး လက်စသတ်ရန် အထူးလိုအပ်နေဟု ဆို

စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်ချို ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) ၏ လက်ကျန်လုပ်ငန်းများအား အမြန်ဆုံး လက်စသတ် အကောင်အထည်ဖော်ရန် အထူးလိုအပ်နေကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့သည်။

“ဈေးကွက် အလားအလာကောင်း များစွာ ရှိနေတဲ့ သံမဏိစက်ရုံမီမံကိန်းကို နိုင်ငံတော်ရဲ့ ဖွ ံ့ဖြိုး တိုးတက်မှု များနဲ့ အတူ တိုးမြင့် လိုအပ်လာမယ့် သံမဏိကုန်ချောများ ထုတ်လုပ်နိုင်သည်အထိ စက်ရုံရဲ့ လက်ကျန် လုပ်ငန်းတွေကို အမြန်ဆုံး လက်စသတ် အကောင်အထည်ဖော်ရန် အထူး လိုအပ် နေပါကြောင်း အလေးအနက်ထား တင်ပြအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံး ဆိုင်ရာ ဥပဒေပါ စစ်ဆေးချက် အစီရင်ခံစာ အပေါ် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ တွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်းပြီး သြဂုတ်လ ၈ ရက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေး ချက်များကို စက်မှုဝန်ကြီးဌာနက ပြန်လည်ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုစီမံကိန်းသည် ချေးငွေဖြင့်ဆောင်ရွက်ရသော စီမံကိန်း ဖြစ်၍ ဆိုင်းငံ့ ကာလ ငါးနှစ်အတွင်း အမြန် ဆုံး ပြီးစီးအောင် ဆောင်ရွက်သင့်ကြောင်း၊ ချေးငွေ စုစုပေါင်း ယူရို ၁ ဒသမ ၀၈၁၈၃ ဘီလျံအနက် ၂၀၁၇ မတ်လကုန်အထိ ယူရို ၁ ဒသမ ၀၄၂၂၇၉ ဘီလျံ( ၉၆ ဒသမ ၃၄ ရာခိုင်နှုန်း) ထုတ်ယူ သုံးစွဲပြီး ဖြစ်ရာ ယူရို ၃၉ ဒသမ ၅၅ သန်း ( ၃ဒသမ ၆ ရာခိုင်နှုန်း) ကျန်ရှိနေကြောင်း၊ လက်ကျန်လုပ်ငန်းများ ပြီးပြတ်ရန် ကျပ် ၂၈၀ မှ ၃၀၀ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း၊ ဦးစားပေး အစီအစဉ် အလိုက် ဘတ်ဂျက် ခွင့်ပြုပါက ၂၀၁၉ ခုနှစ်အကုန်တွင် ပြီးစီးအောင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက် နိုင်ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံငွေများကို လုပ်ငန်း လည်ပတ်အပြီး နှစ်နှစ်မှ သုံးနှစ်အတွင်း ပြန်လည်ရရှိ နိုင်ကြောင်း၊ ကျွမ်းကျင်ပညာရှင်များဖြင့် စက်စွမ်းအားပြည့် ထုတ်လုပ်ပါက ရှစ်နှစ်မှ ၁၄ နှစ်အတွင်း အရင်းကျေမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ သံနှင့် သံမဏိပစ္စည်းများ တင်သွင်းမှုမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှု ဝန်ကြီး ဌာန စာရင်းများအရ နှစ်စဉ် တိုးတက်လျက်ရှိပြီး ၂၀၁၇ ခုနှစ်တွင် တန်ချိန် ၁ ဒသမ ၅၆၁ သန်း တင်သွင်းခဲ့ရာ ပြည်တွင်းဈေးကွက် ခိုင်မာမှုရှိကြောင်း၊ ပြည်ပဈေးကွက်အနေဖြင့် အမေရိကန် နိုင်ငံ အခြေစိုက် BCI Co., Ltd. က ထွက်သမျှ သံမဏိများကို ဝယ်ယူလိုကြောင်း Off-take Agreement စာချုပ်ချုုပ်ရန် ကမ်းလှမ်းထားမှု ရှိသဖြင့် Capacity တိုးမြှင့်ရန် အထိပါ ရေရှည်အတွက် စီမံ ဆောင်ရွက် နိုင်ကြောင်း၊ မြင်းခြံ သံမဏိစက်ရုံ စီမံကိန်း ပြီးစီး၍ စက်စွမ်းအားပြည့် လည်ပတ်နိုင် ပါက တစ်နှစ်လျှင် သံနှင့် သံမဏိ ကုန်ချော တန်ချိန် လေးသိန်းကျော် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း လည်း ၎င်းက ရှင်းလင်း တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.