Politics, Law & Military
မြန်မာ- EUဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စ ရပ်များကို ဆွေးနွေး
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)
မြန်မာ- EUဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စ ရပ်များကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့် ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံ အတွင်း ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တည် ဆောက်မှု အခြေ အနေများနှင့် မြန်မာ- EUဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စ ရပ်များကို ဆွေးနွေးကြသည်။
တာဝန်ပြီးဆုံး၍ပြန်လည် ထွက်ခွာတော့မည့် ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E. Mr. Roland Kobia အား နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် သြဂုတ် ၁၇ ရက်နေ့ မွန်းလွဲ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌် လက်ခံ တွေ့ဆုံသည်။(Xinhua)