Connect with us

Politics, Law & Military

ဘိန်းအစားထိုးဒေသများ ဖွံ့ဖြိုးရေးအတွက် နှစ်နှစ်အတွင်း ကျပ် ၈၁ ဘီလျံကျော်ခန့် သုံးစွဲခဲ့ဟု ဆို

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး ပြည်သူ့ လွှတ်တော်၌ ဖြေကြား နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ဘိန်းအများဆုံး စိုက်ပျိုးသော ဒေသများတွင် သီးနှံများ အစားထိုးခြင်း၊ အစားထိုး ဖွံ့ဖြိုးမှုများဖြစ်သည့် ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်ခြင်းတို့အတွက် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နှစ်နှစ်အတွင်း ကျပ် ၈၁ ဘီလျံကျော်ခန့် ကျခံ သုံးစွဲဆောင်ရွက်ပေးခဲ့သည်ဟု ပြည်ထဲ ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြား ခဲ့သည်။

“ဘိန်းအများဆုံး စိုက်ပျိုးသော ဒေသများတွင် အစားထိုး ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှု အဖွဲ့က လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ရေရှိရေး၊ မွေးမြူရေး၊ စွမ်းအင်၊ ပြည်သူ့ဆက်ဆံရေး၊ သာသနာရေး စသည့် လုပ်ငန်းများကို ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကျပ် သန်း ပေါင်း ၇၅၆၄၁ ဒသမ ၈၀၂ သန်း သုံးစွဲ၍ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်၊ သီးနှံများ အစားထိုး အဖွဲ့ကလည်း ဝန်ထမ်းများ ခန့်ထားခြင်း၊ စိုက်ပျိုး ပညာပေးစခန်းများ ဖွင့်ခြင်း၊ နှစ်ချင်းသီး သီးနှံ မျိုးစေ့နှင့် နှစ်ရှည် ပျိုးပင်များ ဖြန့်ဖြူးခြင်း စသည့် လုပ်ငန်းများအတွက် ရန်ပုံငွေကျပ် ၅၈၈၃ ဒသမ ၄၉၈ သန်း ကျခံ သုံးစွဲပြီး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

လွိုင်ကော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူ၏ “ဘိန်းစိုက် တောင်သူများအား ဘိန်းမစိုက်ပျိုးဘဲ ဘဝရပ်တည်ရေးအတွက် နိုင်ငံတော်မှ အမျိုးသားရေး တာဝန် အဖြစ် စနစ်တကျ စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ မရှိ” ဟူသည့် အမေးကို ပြန်လည် ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

လွိုင်ကော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူ မေးမြန်းနေစဉ် (ဆင်ဟွာ)

ဗိုလ်ချုပ် အောင်စိုးက “ဘိန်းစိုက်တောင်သူများရဲ့ လူနေမှုဘ၀ မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ ရာမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်နှင့် မိုင်းဖြတ်မြို့များတွင် ထိုင်းနိုင်ငံ ထောက်ပံ့ငွေ ဘတ်သန်း ၃၅၀ ဖြင့် မယ်ဖားလုံ ဖောင်ဒေးရှင်းမှ ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးရေး စီမံကိန်း ကို ၂၀၁၃ ခုနှစ်မှ ၂၀၁၈ အထိ ဆောင်ရွက်လျက် ရှိပါတယ်” ဟုလည်း ရှင်းပြခဲ့သည်။

ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်နှင့် ဟိုပုန်းမြို့နယ်ရှိ စီမံကိန်းကျေးရွာ ၆၀ တွင် ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ အစားထိုး ဖွံ့ဖြိုးရေးနှင့် အများပိုင် သစ်တောများ ထူထောင်ရေး စီမံကိန်း အား ဂျာမနီ နိုင်ငံနှင့် ဖင်လန်နိုင်ငံတို့၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် နှစ် အလိုက် ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဖော်ထုတ်ပြီး စိုက်ပျိုးမြေ ဧရိယာများအား ပြုပြင် ထိန်းသိမ်းရေးနှင့် ကော်ဖီစိုက်ပျိုးသူများ သမဝါယမအသင်းအား ပိုမို အားကောင်းလာစေရေး တို့ကို ဆောင်ရွက်ရန် စီမံထားရှိပြီး အဆိုပါဒေသများမှ ထွက်ရှိလာသည့် ကော်ဖီများအား ဈေးကွက် ရရှိရေး ဆောင်ရွက်ခဲ့ရာ ကော်ဖီ တန် ၆၀၀ ကျော်အား ဥရောပ နိုင်ငံများသို့ တင်ပို့နိုင်ရေး ဈေးကွက် ရရှိထားပြီး ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ဖြည့်စွက်ပြောခဲ့သည်။

မူးယစ် ပပျောက်ရေး ၁၅ နှစ် စီမံကိန်းတွင် ဘိန်းအစားထိုး လုပ်ငန်းများ ဆောင်ရွက်သည့်ဒေသများမှာ ရှမ်းပြည်နယ် ၄၃ မြို့နယ်၊ ကချင်ပြည်နယ် လေးမြို့နယ်၊ ယားပြည်နယ် နှစ်မြို့နယ်၊ ချင်းပြည်နယ် နှစ်မြို့နယ် — စုစုပေါင်း ၅၁ မြို့နယ်တို့ ဖြစ်ကြကြောင်း၊ ထို့ပြင် ဘိန်းစိုက်ပျိုးမှု ပြန်လည် မြင့်တက် လာခြင်း၊ စိတ်ကြွဆေးပြား သုံးစွဲမှု ပြသနာများ လူငယ်ထုအတွင်း ပိုမိုပြန့်နှံ့လာခြင်းနှင့် အခြား စိတ်ကြွ ဆေးဝါးများ ပေါ်ထွက်လာမှု အခြေအေနများကို ထိန်းချုပ်နိုင်ရန် ရှမ်းပြည်နယ်တွင် မြို့နယ် ၄၀၊ ကချင်ပြည်နယ်တွင် ခြောက်မြို့နယ်၊ ကယားပြည်နယ်တွင် သုံးမြို့နယ်၊ ချင်းပြည်နယ်တွင် နှစ် မြို့နယ်၊ — စုစုပေါင်း ၅၁ မြို့နယ်တွင် စီမံကိန်းကာလအား ၂၀၁၄ – ၁၅ မှ ၂၀၁၈ – ၁၉ အထိ ငါးနှစ် သက်တမ်း ထပ်မံ တိုးမြှင့်ကာ လုပ်ငန်းစဉ် ငါးရပ် ချမှတ်၍ ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်(ဗဟို)နှင့် UNODC တို့ ပူးပေါင်း၍ နှစ်စဉ် ဘိန်းခင်းတိုင်းတာရေး လုပ်ငန်းများကို ၂၀၀၁ မှ ၂၀၁၅ ခုနှစ်အထိ ဆောင်ရွက်ခဲ့ရာ ၂၀၀၁ ခုနှစ်တွင် ဘိန်းစိုက် ဧရိယာ ၁၀၅၀၀၀ ဟက်တာ ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ဘိန်းစိုက် ဧရိယာ ၅၅၅၀၀ ဟက်တာသို့ ကျဆင်းခဲ့ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.