Politics, Law & Military
ချင်းပြည်နယ်၊ ဖလမ်း(ဆူရ်ဘုန် )လေယာဉ်ကွင်း၌ တပ်မတော် လေယာဉ်ဖြင့်Fly Check ပျံသန်းမှု သုံးရက်စမ်းသပ် ပျံသန်းမည်

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
ချင်းပြည်နယ်၏ ပထမဆုံး လေယာဉ်ကွင်းဖြစ်သည့် ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်း၌ တပ်မတော်လေယာဉ်ဖြင့် Fly Check ပျံသန်းမှု သုံးရက်စမ်းသပ် ပျံသန်းမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ကဆင်ဟွာသို့ပြောကြားသည်။
Fly Check ပျံသန်းမှုကို ဇွန် ၂၅ ရက်၌ ပထမဆုံးအကြိမ် တပ်မတော် လေယာဉ်ဖြင့် ပျံသန်းနိုင်ခဲ့ကြောင်း၊ အဆိုပါ စမ်းသပ်ပျံသန်မှုကို သုံးရက်လုပ်ဆောင်ကာ Result ပေါ်မူတည်ပြီး Landing လုပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ ဆူရ်ဘုန်လေယာဉ်ကွင်းကို ငွေကျပ် ၃၄ ဘီလီယံအကုန်ကျခံတည်ဆောက်ထားကြောင်း သိရသည်။
ချင်းပြည်နယ်၊ ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်းသည် လုပ်ငန်းအားလုံး၏ (၉၈)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကာ ဇွန်လ ၂၅ ရက်နေ့မှစ၍ တပ်မတော်လေယာဉ်ဖြင့် ကလေးမြို့၊ လေယာဉ်ကွင်းမှ ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်းကို Fly Check ပြုလုပ်ပြီး Fly Check ပြီးမြောက်ပြီးနောက် Test Landing အောင်မြင်ပါက လေယာဉ်စဆင်းနိုင်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။ (Xinhua)