Politics, Law & Military
နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံ နိုင်ငံတော်လုံခြုံရေးဝန်ကြီး H.E. Mr. GENG Huichang အား တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. GENG Huichang အား ယနေ့ နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံရေး တိုးမြှင့်ရေးကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းသိရသည်။ (Xinhua)