Connect with us

Politics

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မှ ဒေါ်အောင်ဆန်းစုကြည် တရုတ် နိုင်ငံ ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် နှင့်ပတ်သက်သော မေးမြန်းမှု များအား ဖြေကြား

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ လုခန်း အား သတင်းစာ ရှင်းလင်း ပွဲတွင် မြင်တွေ့ရစဉ်(ဓာတ်ပုံ-http://www.fmprc.gov.cn)

ပေကျင်း ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်း မှ သြဂုတ်လ ၁၅ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ တရုတ် နိုင်ငံ ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် နှင့် ပတ်သက်သော သတင်းထောက်များ၏ မေးမြန်းမှု များကို ပြန်လည် ဖြေကြား ခဲ့ပါသည်။

မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ တရုတ် နိုင်ငံ ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် နှင့် ပတ်သက်၍ တရုတ် နိုင်ငံ မှ စီစဉ် ဆောင်ရွက်ထားခြင်း များနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် သက်ရောက်ခြင်း များ နှင့် ပတ်သက်၍ သတင်းထောက် များမှ မေးမြန်း ခဲ့သည်။
လုခန်း က မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တရုတ် နိုင်ငံ ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် အတွင်း တရုတ် နိုင်ငံ ခေါင်းဆောင်များ နှင့်တွေ့ဆုံ ဆွေးနွေးမှု များပြုလုပ် သွားမည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး နှင့် အတူတကွ စိတ်ဝင်စား သည့် ကိစ္စ ရပ်များတွင် သဘောထား အမြင်များ ဖလှယ် သွားမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပေကျင်း မြို့ အပြင် အခြား မြို့များသို့လည်း သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် လုခန်း က လက်ရှိချိန်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး သည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက် နေကြောင်း ၊ ယခု အကြိမ် ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် သည် မြန်မာ နိုင်ငံ အစိုးရသစ် ဖွဲ့စည်း ပြီးနောက် ပိုင်းတွင် ပထမ ဆုံးအကြိမ် မြန်မာ နိုင်ငံ အစိုးရ အဖွဲ့ ခေါင်းဆောင် တစ်ဦး တရုတ် နိုင်ငံ သို့ လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း ၊ ခေတ်သစ် တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ပူးပေါင်း ဆက်ဆံရေး အတွက်လည်း အလွန်အရေးပါသည့် တွန်းအားပေး ဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ၊ ယခု ခရီးစဉ် မှ တစ်ဆင့် နှစ်နိုင်ငံ မဟာဗျူဟာ ဆက်ဆံရေး ၊ လက်တွေ့ ပူးပေါင်း ဆောင်ရွက်မှု ၊ အရပ်ဘက် ချစ်ကြည်ရင်းနှီးမှု နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တွန်းအား ပေးဆောင်ရွက်မှု တို့အတွက် တိုးတက်မှု အသစ် များ ရရှိနိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အတွက် အကျိုးကျေးဇူးများ ပိုမို ရရှိစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။(Xinhua)