Connect with us

Politics, Law & Military

သာစည်မြို့နယ်တွင် ကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြား တစ်သိန်းနှင့်ICE ပုံဆောင်ခဲများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသူအား မူးယစ်ဆေးဝါးများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး သာစည်မြို့တွင် ကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ မူးယစ် ဆေးပြား တစ်သိန်းနှင့် ICE ပုံဆောင်ခဲများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၈ ရက် နံနက် ၁ နာရီခွဲခန့်က သာစည်မြို့နယ် ကျွဲတပ်ဆုံတိုးဂိတ်အနီး၌ တောင်ကြီး-မိတ္ထီလာသွားကားလမ်းပေါ်တွင် ယာဉ်များအား ရပ်တန့်စေပြီး စစ်ဆေးရှာဖွေနေစဉ် တောင်ကြီးဘက်မှ မိတ္ထီလာ ဘက်သို့ မောင်းနှင်လာသော အောင်ရတနာ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်၏ နောက်ခန်းတွင် ခရီးသည်အဖြစ် လိုက်ပါစီးနင်းလာသူ မနန်းမိုးဇာ (ခ)မိုဇာ (၄၂) နှစ် စဝ်စံထွန်းရပ်ကွက် တောင်ကြီးမြို့နေသူ၏ လက်ဆွဲအိတ်အတွင်းမှWY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်း (ကာလတန်ဖိုး ငွေကျပ် သိန်း ၃ဝဝဝ ခန့်)၊ ICE အကြည်ရောင်ပုံဆောင်ခဲ ဝ.၈၉၈ ကီလိုဂရမ်ခန့် (ကာလတန်ဖိုး ငွေကျပ် ၁၇,၉၆ဝ,ဝဝဝ ခန့်)နှင့် ငွေစက္ကူများ၊ လက်ကိုင်ဖုန်း၊ နိုင်ငံကူး(ယာယီ)နယ်စပ်ဖြတ်သန်းလက်မှတ် တစ်စောင်တို့အား ရှာဖွေစစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းမူးယစ်ဆေးဝါးများကို နမ့်စန်မြို့နယ် ဟိုယမ်းကျေးရွာနေ မအေး(ခ)ဘုတ်အီးမ(ခ)ဖက်တီးမထံမှ ငွေကျပ် ၁၂ သိန်းဖြင့် သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့ကြောင်းပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.