Connect with us

Politics, Law & Military

ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေးဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် Gaviအဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ- MOFA)

ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် Gavi-The Vaccine Alliance အဖွဲ့အစည်း၏ ဒုတိယအမှုဆောင်အရာရှိချုပ် Mrs. Anuradha Guptaတို့တွေ့ဆုံပြီး ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေးဆွေးနွေးကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံအစိုးရနှင့် Gavi အဖွဲ့အစည်းတို့အကြား ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေးနှင့် ဘဏ္ဍာရေး ကူညီထောက်ပံ့မှုဆိုင်ရာ အနာဂတ်အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် Gavi-The Vaccine Alliance အဖွဲ့အစည်း၏ ဒုတိယအမှုဆောင်အရာရှိချုပ် Mrs. Anuradha Gupta နှင့် ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့ သြဂုတ် ၃၀ ရက်နေ့ နံနက်(၁၁)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.