Connect with us

Politics, Law & Military

မောင်တောမြို့၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ မီးရှို့မှုကြောင့် အိမ်၂၃၀၅ လုံး မီးလောင် ဆုံးရှုံး

ARSA အစွန်းရောက် အကြမ်းဖက်သမားများ နေအိမ်များအား မီးရှို့မှုကြောင့် မီးလောင်ကျွမ်းနေစဉ် (ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ နေအိမ်များအား ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ မီးရှို့မှုကြောင့် အိမ်၂၃၀၅ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့ပေါ်နှင့် ကျေးရွာများတွင် သြဂုတ် ၂၈ ရက် နံနက်ပိုင်းမှစ၍ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ မီးရှို့မှုကြောင့် ကျီးကန်းပြင် (အလယ်ရွာ) ၌ နေအိမ် ၂၉၉ လုံး၊ သဝင်ချောင်းကျေးရွာ၌ ၅၇၉ လုံး၊ သဝင်ချောင်း (ဆူရာလီ ကျေးရွာ)၌ ၄၀၊ သဝင်ချောင်း (ခွဆုံ) ၁၄၆ လုံး၊ သီဟိုဠ်ကျွန်း (တောင်ရွာ) ၌ ၁၅ လုံး၊ သီဟိုဠ်ကျွန်း (ရွာမရွာ) ၌ ၁၆၅ လုံး၊ သီဟိုဠ်ကျွန်း (ခွေလာဘင်္ဂါရွာ) ၌ ၁၇၅ လုံး၊ မြို့သူကြီး (သောင်ပိုင်ညာကျေးရွာ) ၌ ၁၈၀၊ မြို့သူကြီး (ကန်ကျတောင် ကျေးရွာ)၌ ၃၄၀၊ မြို့သူကြီး(ရွာဟောင်း) ၂၄၁ လုံး၊ မြို့သူကြီး (ရာကဘီကျေးရွာ) ၌ ၅၃ လုံး၊ မြို့သူကြီး (ကန်ကျမြောက်ကျေးရွာ) ၌ ၇၂ လုံး စုစုပေါင်း ၂၃၀၅ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မြို့မအရှေ့ရပ်ကွက်၊ မြို့မ ကညင်တန်းရပ်ကွက်၊ ရွာသစ်ကေရပ်ကွက်၊ ပဒကားရွာသစ် (ခူတိုင်ကျေးရွာ) ကျီးကန်းပြင် (အနောက်ရွာ) နှင့် ကျီးကန်းပြင် (တောင်ရွာ) တို့ရှိ မီးလောင်ဆုံးရှုံးမှုများ ကို စိစစ်ဆဲဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.