Connect with us

Politics, Law & Military

ကျိုင်းတုံမြို့၌ ကျပ် သိန်း ၂၅,၀၀၀တန်ဖိုးရှိ မူးယစ်ဆေးဝါး ICEများ ဖမ်းဆီးရမိ

ကျိုင်းတုံတွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ICEများနှင့် ယာဉ်အားတွေ့ရစဉ်(CCDAC Mynamar)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံ-မိုင်းလား သွားလမ်းမပေါ်တွင် ယနေ့ နံနက် ၃နာရီခွဲ၌ ကျပ် သိန်း ၂၅,၀၀၀တန်ဖိုးရှိ မူးယစ်ဆေးဝါး ICEများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကျိုင်းတုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၈)(ကျိုင်းတုံ)မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှောင်တခင်ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းလားမြို့ဘက်မှ ကျိုင်းတုံမြို့တွင်းသို့ မောင်းနှင်လာသော ယာဉ်အမှတ် SHN-7K/—- Fortuner မော်တော်ယာဉ်ပေါ်၌ ပီနံအိတ်အတွင်း လက်ဖက်ခြောက်အိတ်ဖြင့်ထုတ်ထားသည့် ICE ၁၀၀ ဂရမ်အထုပ်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မှ ယာဉ်ပေါ်ပါ နှစ်ဦးသည် ယာဉ်ရပ်တန့်ခိုင်းစဉ် မော်တော်ယာဉ်ကို ရုတ်တရက်နောက်သို့ပြန်ဆုတ်ခဲ့ ပြီး ကားပေါ်မှ ဆင်း၍ ထွက်ပြေးသွားကြောင်း၊ ယင်း နှစ်ဦးအား လိုက်လံရှာဖွေဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အမှုနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ကျိုင်းတုံမြို့မရဲစခန်း မယ(ပ)၁၉၂/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/ ၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.