Connect with us

Politics, Law & Military

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသော အကျဉ်းသားများအနက် ၂၄ဦး ပြန်လည် ဖမ်းမိထားဟုဆို

ဘားအံအကျဉ်းထောင်အား တွေ့ရစဉ်(ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ဘားအံမြို့နယ်၊ တောင်ကလေး ကျေးရွာရှိ ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသော အကျဉ်းသား ၄၂ဦးအနက် ၂၄ဦး ပြန်လည် ဖမ်းမိထားကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဘားအံအကျဉ်းထောင်မှ ထောင်ကျအကျဉ်းသား(၃၀) ဦးနှင့်တရားရုံးစစ်ဆေးဆဲအချုပ်သား(၁၂)ဦး စုစုပေါင်း ၄၂ဦး စက်တင်ဘာ ၁၆ ရက်နေ့နံနက်ပိုင်းက ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး ပူးပေါင်းအဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ စက်တင်ဘာလ ၂၂ ရက်နေ့အထိ စုစုပေါင်း ၂၄ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးနေသော အကျဉ်းသားများအနက် လွတ်မြောက်နေဆဲ အကျဉ်းသား စုစုပေါင်း ၁၈ ဦးကို ဖမ်းဆီးရမိရေးအတွက် နယ်မြေခံတပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊

မိတ်ဘက်အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊တာဝန်သိပြည်သူများ ပူးပေါင်းကာ ရှာဖွေပိတ်ဆို့စစ်ဆေးခြင်းများဆက်လက် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဘားအံအကျဉ်းထောင်တွင် စက်တင်ဘာလ ၁၆ ရက် နံနက် ၈နာရီ၄၅မိနစ်က အကျဉ်းထောင်ဝင်းအတွင်းရှိ ဝိဝေကာရီ ဓမ္မာရုံတောင် ဘက်စိုက်ခင်းမှ အမှိုက်များသိမ်းပြီး အကျဉ်းထောင်ဝန်ထမ်းတစ်ဦး မောင်းနှင်လာသည့် 7N/×××× Mazda Titan ယာဉ်ပေါ်၌ အကျဉ်းသား ၂၀ ဦး တင်ဆောင်၍ လာခဲ့ကြောင်း၊ ယင်းနောက် ကျဉ်းသား တစ်ဦးသည် ယာဉ်မောင်းဝန်ထမ်းအား ယာဉ်ပေါ်မှ ဆွဲချထိုးကြိတ်ကာ ယာဉ်အားလုယူမောင်းနှင်ပြီး ထောင်အတွင်းရှိ ထောင်တံခါး ၄ ဆင့်အား တိုက်ဖွင့်၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117