Connect with us

Politics, Law & Military

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ICE အပါအဝင် မူးယစ်ဆေးဝါး ကီလို ၂၂၀၀ကျော် ဖမ်းမိ

ဖမ်းဆီးရမိသော ထရပ်ကားများနှင့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဇူလိုင် ၁၂ ရက်၌ ICEအပါအဝင် မူးယစ်ဆေးဝါး ကီလို ၂၂၀၀ကျော် ဖမ်းမိရမိခဲ့ကြောင်း မူးယစ်ဆေးဝါး ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၀)လွိုင်ကော်မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ လွိုင်ကော်မြို့နယ်၊ ဖယ်ခုံ-လွိုင်ကော်ကားလမ်း လင်ဖုံလေးလမ်းခွဲအနီးတွင် ထရပ်ကား သုံးစီးကား ရပ်တန့်စစ်ဆေးရာ အဆိုပါကားသုံးစီးပေါ်တွင် Ice ကီလို ၅၀၀ ၊ ကတ်တမင်း ၆၄၉ ကီလိုနှင့် ကဖင်း ၁၁၅၀ ကီလို တို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

ထရပ်ယာဉ်များ၏ နောက်ကိုယ်ထည်ရှေ့ပိုင်းတွင် အံဝှက်ပြုလုပ်သယ်ဆောင်လာသော ဆာလာအိတ်များဖြင့် မူးယစ်ဆေးဝါးများထည့်ပြီး သယ်ဆောင်လာကြောင်း၊ ယာဉ်တစ်စီးပေါ်တွင် ICE ၃၀၀ ကီလို၊ ကဖင်း ၄၀၀ ကီလို၊ ဒုတိယ ယာဉ်တစ်စီးပေါ်တွင် ICE ၂၀၀ ကီလို၊ ကတ်တမင်း ၆၄၉ ကီလိုနှင့် တတိယ ယာဉ်ပေါ်တွင် ကဖင်း ၇၅၀ ကီလိုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါ တရပ်ကားသုံးစီး၏ ယာဉ်မောင်း/ယာဉ်နောက်လိုက် ၆ဦးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.