Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်း ၃၈၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

မိုင်းဆက်တွင် ဖမ်းဆီးရမိသော ဘိန်းဖြူများအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက ကျပ်သိန်း ၃၈၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာ အုပ်စု၊ နမ့်ခမ်းကျေးရွာရှိ နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေရာ နေအိမ်မီးဖိုခန်းကြမ်းပြင်အောက်တွင် သိုဝှက်ထားသော ပီနံအိတ်များအတွင်းမှ ပလတ်စတစ်အိတ် များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂၃.၇၆ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၈၀၁.၆ သိန်း) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော ဘိန်းဖြူများနှင့် အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၉)မိုင်းဆတ်သို့ လွှဲပြောင်းပေးအပ်ပြီး မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.