Connect with us

Politics, Law & Military

ခြေ/ဥ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြင်ဆင်ရန် အချက်ပေါင်း ၃၇၆၅ ချက် တင်သွင်း

ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ်။

နေပြည်တော်၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ရန် အချက်ပေါင်း ၃၇၆၅ ချက်ကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ သည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အင်္ဖွဲ့ဝင် ဒေါက်တာမြတ်ဉာဏစိုးက ပြင်ဆင်ချက်များ တင်သွင်းစဉ်။

အဆိုပါ အချက်များမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၁) နိုင်ငံတော်၏ အခြေခံမူများ အတွက် ၂၃၁ ချက်၊ အခန်း(၂) နိုင်ငံတော် ဖွဲ့စည်း တည်ဆောက်ပုံအတွက် ၁၁၁ ချက်၊ အခန်း(၃) နိုင်င့တော် အကြီးအကဲအတွက် ၂၁၈ ချက်၊ အခန်း(၄) ဥပဒေပြုရေးအတွက် ၈၅၉ ချက်၊ အခန်း (၅) အုပ်ချုပ်ရေး အတွက် ၁၂၁၁ ချက်၊ အခန်း (၆) တရားစီရင်ရေးအတွက် ၆၃၂ ချက်၊ အခန်း (၇) တပ်မတော် အတွက် ၄၂ ချက်၊ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအတွက် ၅၈ ချက်၊ အခန်း(၉)ရွေးကောက် တင်မြှောက်ခြင်း အတွက် ၄၅ ချက်၊ အခန်း (၁၀) နိုင်ငံရေး ပါတီများ အတွက် ၂၀ချက်၊ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များ အတွက် ၁၂၈ ချက်၊ အခန်း (၁၂) ဖွဲ့ စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ခြင်း အတွက် ၂၇ ချက်၊ အခန်း(၁၃) နိုင်ငံတော် အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်း နှင့်မြို့တော် အတွက် ၁၃ချက်၊ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဌာန်းချက်များ အတွက် ၁၀၂ ချက်၊ အခန်း (၁၅)အထွေထွေ ပြဌာန်းချက်များ အခန်းနှင့် ဇယား (၁) မှ ဇယား (၅) အထိ အတွက် ၆၈ ချက်တို့ ဖြစ်ကြောင်း ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင် ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.