Politics, Law & Military
ICESCRသို့ မြန်မာနိုင်ငံမှ အတည်ပြုပါဝင်သော အကြောင်းကြားစာပေးအပ်

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) သို့ မြန်မာနိုင်ငံမှ အတည်ပြုပါဝင်ကြောင်း အကြောင်းကြားစာ (Instrument of Ratification) နှင့် တရားဝင်ကြေညာချက်တို့အား ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းမှ ကုလသမဂ္ဂဌာနချုပ်မှ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများဌာနခွဲ၏ အကြီးအကဲ Mr. Santiago Villalpando ထံသို့ အောက်တိုဘာ ၆ ရက်နေ့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရှိ Office of Legal Affairs (Treaty Section) ဌာန၌ ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါအခမ်းအနားသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)