Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးတို့အား တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီးတို့အား တွေ့ဆုံစဉ်(ဓာတ်ပုံ- MOFA)

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး(၂) H.E. Mr. Pehin Dato Lim Jock Seng နှင့် ဇနီးတို့အား ယနေ့ အောက်တိုဘာ ၇ ရက်နေ့ ဒေသစံတော်ချိန် (၀၉း၀၀)နာရီတွင် ခေတ္တတည်းခိုသည့် အစိုးရဧည့်ဂေဟာ၌ ခင်မင်ရင်းနှီးစွာ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဆက်လက်ပြီး ဘရူနိုင်းသို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာသံရုံး ဝန်ထမ်းများနှင့် မိသားစုများအား ဒေသစံတော်ချိန်(၁၁၀၀)နာရီတွင် ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ မြန်မာသံအမတ်ကြီး၏ နေအိမ်၌ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117