Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် နန်းမွေဆက်ခံသည့် နှစ်(၅ဝ)ပြည့်ဂုဏ်ပြုညစာစားပွဲတက်ရောက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် နန်းမွေဆက်ခံသည့် နှစ်(၅ဝ)ပြည့် ဂုဏ်ပြုညစာစားပွဲ တက်ရောက်စဉ် (ဓာတ်ပုံ- MOFA)

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၆ရက် ဒေသစံတော်ချိန် (၂၀၀၀)နာရီတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့ Istana Nurul Imam ဘုရင့်နန်းတော်၌ ကျင်းပသည့် ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ နန်းမွေဆက်ခံသည့် နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဘရူနိုင်းဘုရင်မင်းမြတ်၏ နန်းမွေဆက်ခံသည့် နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ အာဆီယံနိုင်ငံများမှ သမ္မတ၊ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ် နှင့် ဒုတိယဝန်ကြီးချုပ်များ၊ ဥရောပနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများမှ တော်ဝင်မိသားစုဝင်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ဘရူနိုင်းနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေ့လယ်ပိုင်းတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ၊ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ မြန်မာသံရုံးသို့ သွားရောက်ကာ ဘရူနိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများနှင့်တွေ့ဆုံ၍ ရင်းနှီးစွာနှုတ်ဆက်စကားပြောကြားပြီး ၎င်းတို့သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117