Politics, Law & Military
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နိဒင် IDP စခန်းအားအပြီးသတ် ပိတ်သိမ်း

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ နိဒင် IDP စခန်းအား အပြီးသတ် ပိတ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများပိတ်သိမ်းနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်လျက် ရှိရာကျောက်တော်မြို့နယ်၊ နိဒင် IDP စခန်းပိတ်သိမ်းနိုင်ရေးအတွက် နိဒင်ကျေးရွာ အနီးတွင် နေအိမ်သစ် (၈၅)လုံးဆောက်လုပ်ပြီးဖြစ်၍ အဆိုပါ နိဒင် IDP စခန်းမှ အိမ်ထောင်စု (၈၅)စု လူဦးရေ (၅၈၀)ကျော်အား ရခိုင်ပြည်နယ် အစိုးရက စနစ်တကျ ပြောင်း ရွှေ့နေရာချထားပေးခဲ့ရာယခုအခါ အိမ်ထောင်စုအားလုံး ပြောင်းရွှေ့ ပြီးဖြစ်ကြောင်း သိရသည်။
ယခင်က ရခိုင်ပြည်နယ်တွင် IDP စခန်း (၂၁) ခုကျန်ရှိနေပြီး ၂၀၁၇ ခုနှစ်အတွင်း ကျောက်ဖြူမြို့နယ်ရှိ ကညင်တော IDP စခန်း၊ ရမ်းဗြဲမြို့ နယ်ရှိတန်းရွာ IDP စခန်းများ အပြီးပိတ်သိမ်းနိုင် ခဲ့ပြီးပေါက်တောမြို့နယ် ရှိ ကြိမ်နီပြင် IDP စခန်းအား တစ်စိတ်တစ်ပိုင်း ပိတ်သိမ်းနိုင်ခဲ့ကာ ကျေးရွာများတွင် ပြန်လည်နေရာချထား ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ယခုအခါ ရခိုင်ပြည်နယ်တွင် IDPစခန်း (၁၈) ခု သာကျန်ရှိပြီး ၎င်းတို့အထဲမှ မြေပုံ မြို့နယ်ရှိတောင်ပေါ် IDP စခန်းအား ပိတ်သိမ်း လျက် ရှိပြီး၊ စစ်တွေမြို့နယ်ရှိသက္ကေပြင် IDP စခန်း၊ ခေါင်းဒုက္ကာ(၁)နှင့်(၂) IDP စခန်း၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး IDP စခန်းများပိတ်သိမ်းနိုင်ရန်အတွက်လည်း ညိုနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။(Xinhua)