Connect with us

Politics, Law & Military

ကြားဖြတ် ရွေးကောက်ပွဲ အတွက် လုံခြုံရေးအား ကာလ ၄ ခု သတ်မှတ် ဆောင်ရွက် သွားမည်

ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေး(၁/၂၀၁၈) ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

ကြားဖြတ် ရွေးကောက်ပွဲ အတွက် လုံခြုံရေးအား ရွေးကောက်ပွဲမတိုင်မီ အကြိုကာလ ၊ မဲဆွယ်စည်းရုံး နေသည့် ကာလ ၊ ရွေးကောက်ပွဲကျင်းပစဉ်ကာလ နှင့် ရွေးကောက်ပွဲ ကျင်းပပြီးနောက် လုံခြုံရေးဟူ၍ ကာလ ၄ ခု သတ်မှတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေး(၁/၂၀၁၈)ကို နေပြည်တော်၌ သြဂုတ် ၂၀ ရက်တွင် ကျင်းပခဲ့ရာတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ထည့်သွင်း ပြောကြားခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးသည် အရေးကြီးကြောင်း ၊ အချိန်နှင့် တစ်ပြေးညီ သတင်းမှန်များကိုလည်း ထုတ်ပြန် သွားကြရမည်ဖြစ်ကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အပါအဝင် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းမှု အလေးထားဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကြားဖြတ် ရွေးကောက်ပွဲ ကို တိုင်းဒေသကြီးနှင့်ပြည်နယ်(၉)ခုရှိ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်(၄)နယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်(၁) နယ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်မဲ ဆန္ဒနယ် (၈)နယ် တို့တွင် နိုင်ငံရေးပါတီ ပေါင်း(၂၅)ပါတီမှ ကိုယ်စားလှယ် စုစုပေါင်း (၆၅)ဦးဝင်ရောက် ယှဉ်ပြိုင်အရွေးချယ်ခံ သွားကြမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.