Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ၊ ပင်လောင်းမြို့နယ်နှင့် နမ့်ခမ်းမြို့တို့တွင် ငွေကျပ်သိန်း ၈,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC Myanmar)

ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ၊ ပင်လောင်းမြို့နယ်နှင့် နမ့်ခမ်းမြို့တို့တွင် ငွေကျပ်သိန်း ၈,၇၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မူယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ သိရသည်။ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီအချိန်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် ပင်လောင်းဘက်မှ တပ်ကုန်းဘက်သို့ မောင်းနှင်လာသော HIACE အမျိုးအစား မော်တော်ယာဉ်တစ်စီးကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆,၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၇ တုံး၊ အလေးချိန် ၄၀ .၉၅ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖမ်းဆီးရမိသူတို့အား သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ– CCDAC Myanmar)

စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ သိမ်းဆည်းရမိသော ဘိန်းဖြူ ဘလောက်တုံးများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ယင်းသယ်ဆောင်လာသူ ၂ ဦးတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ စက်တင်ဘာ ၂၃ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်တွင် စက်တင်ဘာလ ၂၂ ရက် ၁၂:၁၅ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ နမ့်ခမ်းမြို့ရှိ နေအိမ်တစ်အိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၃၄,၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂,၆၇၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါနေအိမ်တွင် ဖမ်းဆီးရမိသူအား နမ့်ခမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များအား ဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ စက်တင်ဘာ ၂၄ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.