Politics, Law & Military
၂၀၂၅ ခုနှစ် မတ် ၁၁ ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးစုစုပေါင်း (၁၆၉,၅၄၇)ဦးအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စတင်၍ (၁၃ ဒသမ ၄၇၄)ဘီလီယံကျပ်ကို မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ပေးအပ်လျက်ရှိ (၁၁/၃/၂၀၂၅-MRTV)
-ရန်ကုန်တိုင်းဒေသကြီး၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပ (၁၁/၃/၂၀၂၅-မြန်မာ့အလင်း)
-မင်းဘူးမြို့နယ်ရှိ ထောက်ရှာပင်-ထန်းကိုင်း-ရေနံမ ရေနံမြေမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ အထွက်တိုးစေရန် လုပ်ဆောင်လျက်ရှိ (၁၁/၃/၂၀၂၅-MRTV)
-၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း “192” အသုံးပြု အရေးပေါ်ခေါ်ဆိုမှု (၃၀၀,၀၀၀) ကျော်ရှိပြီး လူနာပေါင်း (၉၇) ဦးကို ဝန်ဆောင်မှုပေးနိုင်ခဲ့ (၁၁/၃/၂၀၂၅-MRTV)
– ပြည်မြို့ သရေခေတ္တရာမြို့ဟောင်း အနောက်ဘက်ရှိ ကြက်တူရွေးတောင်ပေါ်၌ တည်ဆောက်လျက်ရှိသည့် ရှုခင်းကြည့်မျှော်စင် (၇၀)ရာခိုင်နှုန်းခန့် ပြီးစီး (၁၀/၃/၂၀၂၅-MRTV)
– ပြင်ဦးလွင်ဘူတာသည် ရှေးဟောင်းအဆောက်အအုံဖြစ်သဖြင့် ဘူတာယာဒ်ဝင်းရှိ အဆောက်အဦများ ရေရှည်တည်တံ့စေရန် စနစ်တကျ ပြုပြင်ထိန်းသိမ်းမွမ်းမံမှုများ ဆောင်ရွက်သွားမည် (၁၀/၃/၂၀၂၅-MRTV)
– ဒေသထွက်သစ်သီးများမှ ထုတ်လုပ်သည့်ဝိုင်အမျိုးမျိုးကို မိရိုးဖလာစနစ်မှ ခေတ်မီနည်းပညာများဖြင့် အဆင့်မြှင့်တင် ထုတ်လုပ်နိုင်ပါက ပြည်ပဈေးကွက်သို့ တိုးချဲ့ ဝင်ရောက်နိုင်မည် (၁၀/၃/၂၀၂၅-MRTV)
-အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား (၂၈၃) ဦး ထပ်မံလွှဲပြောင်းပေးအပ် (၁၀/၃/၂၀၂၅-MRTV)
-သရေခေတ္တရာပြတိုက်တွင် ပျူခေတ်သဲကျောက်ယဉ်ကျေးမှုကို လေ့လာနိုင်မည့်အပြင် ကျောက်ကာသိမ် ပြတိုက်ကို Site Museum အဖြစ်ပြသထားရှိ (၁၀/၃/၂၀၂၅-MRTV)
-ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြို့ရှိ အားကစားကွင်း/ အားကစားရုံများ ကြည့်ရှုစစ်ဆေး (၁၀/၃/၂၀၂၅-MOI)
-(၂၄) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံဖွင့်ပွဲအခမ်းအနား ကျင်းပ (၁၀/၃/၂၀၂၅-မြန်မာ့အလင်း)