Connect with us

Politics, Law & Military

ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ကို မြန်မာနိုင်ငံတွင် ကျင်းပ

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ (World Consumer Rights Day) အခမ်းအနားကို မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (မတ် ၁၁ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ၂၀၁၆ ခုနှစ်မှ စတင်ကာ ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး စားသုံးသူ အကာအကွယ်ပေးရေးဥပဒေအား ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ကာ အရည်အသွေးမြင့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ပေးစွမ်းနိုင်စေရန် အာမခံချက်ပေးထားကြောင်း ပြောကြားခဲ့သည်။

ယခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့အတွက် ဆောင်ပုဒ်မှာ “လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” ဖြစ်ပြီး အစိုးရက အရည်အသွေးပြည့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် ရေရှည်တည်တံ့သော လူနေမှုပုံစံများဆီသို့ အသွင်ကူးပြောင်းနိုင်သောကြောင့် MSME ကဏ္ဍကို မြှင့်တင်ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

အာဆီယံ စားသုံးသူ ကာကွယ်ရေး ကော်မတီ အဖွဲ့ဝင် အနေဖြင့် အစိုးရသည် အာဆီယံ နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော စားသုံးသူ ကာကွယ်ရေး မဟာဗျူဟာ ၂၀၁၆-၂၀၂၅ အာဆီယံ မဟာဗျူဟာ လုပ်ဆောင်ချက် စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စားသုံးသူများအတွက် ဘေးကင်းလုံခြုံပြီး ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံများရရှိစေရန် ဧည့်သည်တော်များအား အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ အထိမ်းအမှတ် ဆောင်းပါးနှင့် ကာတွန်းပြိုင်ပွဲများမှ ဆုရရှိသူများကိုလည်း ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့တွင်လည်း ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
#ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ #မြန်မာနိုင်ငံ #စီးပွါးရေး #ကူးသန်းရောင်းဝယ်ရေး #နေပြည်တော်


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117