Connect with us
Politics, Law & Military
မြန်မာ-တရုတ် ချစ်ကြည်ရေးသစ်တော စိုက်ပျိုးရန် MoU ရေးထိုး
နေပြည်တော်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)
မြန်မာ-တရုတ် ချစ်ကြည်ရေးသစ်တောစိုက်ပျိုးရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို နေပြည်တော် MICC II တွင် ယနေ့နံနက် ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်တို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai တက်ရောက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က “နေပြည်တော်ကို smatrt city အဖြစ် အကောင်အထည်ဖော်နေသည့် ကာလမှာ နေပြည်တော်ကို လာရောက်သည့် ဧည့်သည်တော်များ၊ ဝန်ထမ်းနှင့် မိသားစုများ သန့်ရှင်းလတ်ဆတ်သော လေနှင့် သဘာ၀ ပတ်ဝန်းကျင်ကို ခံစားရရှိစေမှာ ဖြစ်လို့ ဝမ်းမြောက်မိပါတယ်၊ တရုတ်နိုင်ငံသံရုံးက ချစ်ကြည်ရေး သစ်တော သစ်ပင်များ ရှင်သန် ကြီးထွားသည်အထိ ပြုစုစောင့်ရှောက်ပေးမည်ကို ဝမ်းမြောက်ပါတယ်၊ လက်လွှဲရ ယူပြီး သည့်အခါ နေပြည်တော် စည်ပင်သာယာရေး ကော်မတီကလည်း အပင် ရှင်သန်ကြီးထွားအောင် ဂရုတစိုက် ပြုစု စောင့်ရှောက်သွားပါမယ်” ဟု အဖွင့်စကားတွင် ပြောကြားခဲ့သည်။
မြန်မာ-တရုတ် ချစ်ကြည်ရေးသစ်တော စိုက်ပျိုးရန် MoU ရေးထိုးကြစဉ်။(ဆင်ဟွာ)
အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးကြစဉ်။(ဆင်ဟွာ)
ချစ်ကြည်ရေးသစ်ပင်များ စိုက်ပျိုးကြစဉ်။(ဆင်ဟွာ)
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်MICC II အရှေ့ရှိ ဓနသိဒ္ဓိပန်းခြံ အမှတ်(၁) မြေနေရာနှင့် ဆက်စပ်မြေ ၁၈ ဒသမ ၆၂ ဧကပေါ်တွင် ယခုကဲ့သို့ ကျွန်း၊ ပိတောက်၊ မဟော်ဂနီ၊သင်းဝင်၊ ခရေ၊ စိန်ပန်းပင်များ စုစုပေါင်း ၃၃၅၃ ပင်ကို လေးနှစ်တာကာလ စီမံချက်ဖြင့် မြန်မာ-တရုတ် ချစ်ကြည်ရေး သစ်တော စိုက်ပျိုးခြင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၏ အမှတ်လက္ခဏာ ဖြစ်သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက် ပါကြောင်းလည်း မြို့တော်ဝန်က ပြောကြားခဲ့သည်။
သံအမတ်ကြီး Mr. Chen Hai ကလည်း “မြန်မာနိုင်ငံ အစိုးရက သစ်တော စိုက်ပျိုးခြင်းနဲ့ စိမ်းလန်း စိုပြည်ရေးကို တက်တက်ကြွကြွ ဆောင်ရွက်ရင်း ဇီ၀ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်နေတာကို ကျွန်တော်တို့ သတိပြုမိပါတယ်၊ ဒီလို လုပ်ဆောင်ခြင်းဖြင့် မြန်မာ ပြည်သူများအတွက် သာယာလှပတဲ့ နေထိုင်မှု ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အခွင့်အလမ်း ရရှိရေး၊ ပြည်သူလူထု ဘ၀ ကောင်းမွန်လာစေရေးတို့ကို မြှင့်တင်ပေးနိုင်ကာ နောင်လာနောက်သားများ အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ကြွယ်၀ ချမ်းသာမှုတွေ ချန်ရစ်ထားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ စိမ်းလန်းစွာ ဖွံ့ဖြိုး တိုးတက်ရေး၏ ပူးပေါင်း မိတ်ဖက်အဖြစ် ဆောင်ရွက်လိုကြောင်း၊ တရုတ် -မြန်မာ ချစ်ကြည်ရေး သစ်တော၏ ပထမဆုံး စီမံကိန်း ဖြစ်သည့် “ တရုတ် – မြန်မာ စံပြ သစ်တော စိုက်ခင်း” ဧက ၁၀၀ ကို ၂၀၁၇ ၌ မကွေးတိုင်း ဒေသကြီးတွင် ဖော်ဆောင်ခဲ့ရာ ယခု စိမ်းလန်းစိုပြေနေပြီဖြစ်ကြောင်း၊ ဇီ၀ မျိုးစိတ် မျိုးကွဲ သုတေ သနပြုလုပ်ရေးနှင့် ထိန်းသိမ်း စောင့်ရှောက်ရေး၊ သစ်တော စီမံ ခန့်ခွဲရေး၊ ရာသီဥတု ပြောင်းလဲမှုအား ရင်ဆိုင်ရေး စသည့် ဇီ၀ နယ်ပယ် များစွာတွင်လည်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ Belt & Road နှင့် တရုတ် – မြန်မာ စီးပွားရေး စြင်္က ံကို အတူတကွ တည်ဆောက်လျက်ရှိ ကြောင်း၊ တရုတ်- မြန်မာ ဇီ၀ ပတ်ဝန်းကျင် ပူးပေါင်းထိန်းသိမ်းရေး ပျိုးပင်များကို ယခုကဲ့သို့ အတူတကွ စိုက်ပျိုးခြင်းဖြင့် ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးသည် ချစ်ကြည်ရေးသစ်တောနှင့်အတူ ကျန်းမာ သန်စွမ်းစွာ ကြီးထွားလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။(Xinhua)
Continue Reading
Click to comment
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.