Connect with us

Politics, Law & Military

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုကော်မတီ နှင့် မြောက်ပိုင်း(၄)ဖွဲ့ တွေ့ဆုံဆွေးနွေးမှု သဘောတူညီချက် (၃)ချက် ရရှိ

အစိုးရနှင့် မြောက်ပိုင်း(၄)ဖွဲ့ ပူးတွဲကြေညာချက်အားတွေ့ရစဉ်(NRPC)

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုကော်မတီ ကိုယ်စားလှယ်များနှင့် KIO၊ PSLF၊ MNTJP နှင့် ULA မြောက်ပိုင်း(၄)ဖွဲ့တို့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ယနေ့တွေ့ဆုံဆွေးနွေးပွဲ၌ သဘောတူညီချက် (၃)ချက် ရရှိခဲ့ကြောင်း ပူးတွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ် ကျိုင်းတုံမြို့ Amazing Kengtong Resort ၌ ယနေ့ (သြဂုတ် ၃၁ရက်) နံနက် ၁၀နာရီတွင် လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရေး၊ Bilateral Ceasefire Agreement လက်မှတ်ရေးထိုးနိုင်ရေးကို ဦးတည် ဆွေးနွေးပြီး ပူးတွဲသတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲများ မဖြစ်ပွားရန် မည်သို့ဆောင်ရွက်မည်ဆိုသည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ ရယူရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန်၊ အစိုးရနှင့် မြောက်ပိုင်း(၄)ဖွဲ့ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုကို စက်တင်ဘာ ၁၆ရက်/၁၇ ရက်တွင် တွေ့ဆုံရန်၊ တွေ့ဆုံမည့်နေရာကို နှစ်ဖက် ဆက်လက်ညှိုနှိုင်းရန် နှင့် Bilateral Ceasefire Agreementလက်မှတ်ရေးထိုးပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(Nationwide Ceasefire Agreement-NCA) နှင့် ပတ်သက်၍ ဆက်လက်ညှိုနှိုင်းသွားရန် တို့သဘောတူညီခဲ့ကြကြောင်း သိရသည်။

နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ အမြန်ဆုံးရပ်တန့်နိုင်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံးက နိုင်ငံရေးဆန္ဒ အပြည့်အဝဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.