Politics, Law & Military
ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်း NLDပါတီ ထုတ်ပြန်
ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းကို ယနေ့ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ယင်းပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ(၁၃)နေရာလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ဒုတိယနေ့တွင် ၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စိစစ်ရွေးချယ်အတည်ပြုခဲ့ပြီး ယနေ့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။(Xinhua)