Connect with us

Politics, Law & Military

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးများအား လာရောက်ဖျက်ဆီးသူများအား ခြောက်လှန့် ပစ်ခတ်

လာရောက်ဖျက်စီးသော နယ်စပ် ခြံစည်းရိုးအား တွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံထားမှုအား ဇွန် ၂၈ ရက်နေ့က ဖျက်ဆီးလာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ခြောက်လှန့် ပစ်ခတ်ခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့နယ် တောင်ပြို(ယာ) ရဲကင်းစခန်း၏ မြောက်ဖက် ကိုက် ၂၀၀ ခန့်အကွာ တောင်ပြို(ယာ) ချောင်းပေါက်ဝ အနီးရှိ မြန်မာဘက်ခြမ်း၌ ရေတိုက်စား၍ ပေ ၁၈၀ ခန့် ပျက်စီးသွားခဲ့သည့် ခြံစည်းရိုးအစား ယာယီသစ်သားတိုင်၊ သံဆူးကြိုး များဖြင့် ယာယီ ပြန်လည် ကာရံထားခဲ့ကြောင်း၊ အဆိုပါ ခြံစည်းရိုးအား တစ်ဖက်နိုင်ငံမှ လူ ၁၂ ဦးခန့်က လာရောက် ဖျက်ဆီးနေသည်ကို တွေ့ရ၍ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အော်ဟစ် မောင်းထုတ်သဖြင့် ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

ယင်း ခြံစည်းရိုးအား ညနေ ၆ နာရီတွင် ၎င်းတို့ ထပ်မံရောက်ရှိလာပြီး ထပ်မံ ဖျက်ဆီးနေသည်ကို တွေ့မြင်ရ၍ သတိပေး အော်ဟစ် ပြောဆိုရာ ထွက်ခွာ သွားခြင်း မရှိဘဲ ပြန်လည် အော်ဟစ်ပြောဆိုပြီး ခြံစည်းရိုးတိုင်များအား လွှဖြင့် ဆက်လက် ဖျက်ဆီး နေသောကြောင့် ရဲအရာရှိတစ်ဦး က အမ်အေ- ၁၁ ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရာ ၁ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ခြံစည်းရိုးအား သွားရောက် စစ်ဆေးခဲ့ရာ တိုင် ၄ တိုင်ခန့် ပျက်စီးသွားကြောင်း တွေ့ရှိရပြီး ထပ်မံ မဖြစ်ပွားစေရေး စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.