Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြား (NV card) များ ထုတ်ပေးလျက်ရှိ

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြား (NV card) များ ထုတ်ပေးပြီးစီးမှု အခြေအနေပြဇယား အားတွေ့ရစဉ် (ဓာတ်ပုံ-- Information committee)

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့် သူ၏ သက်သေခံကဒ်ပြား (NV card) များကို ၂၀၁၆ ခုနှစ် ဇွန် ၇ ရက်နေ့မှ စတင်ထုတ်ပေးခဲ့ရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ အမျိုးသား (၆၀၉၇) ဦးနှင့် အမျိုးသမီး (၃၀၇၆) ဦး စုစုပေါင်း (၉၁၇၃) ဦး ထုတ်ပေးပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

နိုင်ငံသားစိစစ်ခံရမည့် သူ၏ သက်သေခံကဒ်ပြား ထုတ်ပေးခဲ့မှုမှာ စစ်တွေမြို့တွင် အမျိုးသား ၁၁၁၆ ဦး၊ အမျိုးသမီး ၆၅၇ ဦး၊ ပေါင်း ၁၇၇၃ ဦး၊ မောင်တောမြို့တွင် အမျိုးသား ၂၀၉၉ ဦး ၊ အမျိုးသမီး ၁၁၀၁ ဦး၊ ပေါင်း ၃၂၀၀ ဦး၊ တောင်ပြိုလက်ဝဲမြို့တွင် အမျိုးသား ၁၂ ဦး ၊ အမျိုးသမီး ၁ဦး၊ ပေါင်း ၁၃ ဦး၊ ဘူးသီးတောင်မြို့နယ်တွင် အမျိုးသား ၁၆၂၁ ဦး၊ အမျိုးသမီး ၄၃၀ ဦး၊ ပေါင်း ၂၀၅၁ ဦး၊ သံတွဲမြို့နယ်တွင် အမျိုးသား ၁၀၈ ဦး၊ အမျိုးသမီး ၉၀ ဦး၊ ပေါင်း ၁၉၈ ဦး၊ ကျောက်ဖြူမြို့နယ်တွင် အမျိုးသား ၆၇၅ ဦး၊ အမျိုးသမီး ၄၀၈ ဦး၊ ပေါင်း ၁၀၈၃ ဦး၊ ရမ်းဗြဲမြို့နယ်တွင် အမျိုးသား ၂၄ ဦး ၊ အမျိုးသမီး ၄ ဦး၊ ပေါင်း ၂၈ ဦး၊ မြေပုံမြို့နယ်တွင် အမျိုးသား ၃၀၄ ဦး၊ အမျိုးသမီး ၃၇၅ ဦး၊ ပေါင်း ၆၇၉ ဦး၊ ရသေ့တောင်မြို့နယ်တွင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၃ ဦး၊ ပေါင်း ၂၁ ဦး၊ ပေါက်တော မြို့နယ်တွင် အမျိုးသား ၂၉ ဦး ၊ အမျိုးသမီး ၄ ဦး၊ ပေါင်း ၃၇ ဦး၊ ကျောက်တော်မြို့နယ်တွင် အမျိုးသား ၃၇ ဦး၊ အမျိုးသမီး (-) ဦး၊ ပေါင်း ၃၇ ဦး၊ မြောက်ဦးမြို့နယ်တွင် အမျိုးသား ၃၇ဦး၊ အမျိုးသမီး ၂ ဦး၊ ပေါင်း ၃၉ ဦးနှင့် မင်းပြားမြို့နယ်တွင် အမျိုးသား ၁၇ ဦး ၊ အမျိုးသမီး ၁ဦး၊ ပေါင်း ၁၈ ဦးဖြစ်ကာ စုစုပေါင်းအားဖြင့် အမျိုးသား (၆၀၉၇) ဦးနှင့် အမျိုးသမီး (၃၀၇၆) ဦး၊ စုစုပေါင်း (၉၁၇၃) ဦး ထုတ်ပေးပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.