Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး အစီအမံဖြင့် လင်းယုန်စီမံချက် အဆင့် (၁) အား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ

လင်းယုန်စီမံချက် အဆင့် (၁) ဆောင်ရွက်စဉ် ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး အစီအမံဖြင့် ဆောင်ရွက်နေသည့် လင်းယုန်စီမံချက် အဆင့် (၁) အား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် လင်းယုန်စီမံချက် အဆင့် (၁)ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ခိုး၊ ဆိုး ၊လု ၊ နှိုက်မှု ကျူးလွန်တတ်သူများ ၊ စရိုက်ဆန်သည့် လူဆိုးလူမိုက်များ၊ ဒုစရိုက်မှုများ၊ ပြေး (၄) ပြေးများကို ဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် အင်အားပြည့် ပိတ်ဆို့ဖမ်းဆီး အရှိန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ဇန်နဝါရီလ ၅ ရက်နေ့က အရှေ့ပိုင်းခရိုင်၌ ၁၉၆၁ ခုနှစ်၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန် အက်ဥပဒေဖြင့် အရေးယူမှု ၂ မှု၊ မော်တော်ယာဉ်

အက်ဥပဒေဖြင့်အရေးယူမှု ၄ မှု၊ တရားခံပြေးဖြင့် အရေးယူမှု ၁ မှု တို့ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။အလားတူ မြောက်ပိုင်းခရိုင်တွင်လည်း ရဲအက်ဥပဒေဖြင့်အရေးယူမှု ၈ မှု၊ခြေချုပ်နှင့်ခံဝန် ဥပဒေဖြင့် အရေးယူမှု ၃ မှု၊ ကျင့်ထုံးပုဒ်မ ၅၄ ဖြင့် အရေးယူမှု ၆ မှု၊ မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူမှု ၃ မှု ၊ လက်နက်များအက်ဥပဒေ ပုဒ်မ ၁၉ ( င )ဖြင့် အရေးယူမှု ၂ မှု၊ လောင်းကစားဥပဒေဖြင့်အရေးယူမှု ၂ မှုတို့ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် လင်းယုန်စီမံချက်ကို အရှိန်မြှင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရပ်ရွာနေပြည်သူအခြေပြုရဲလုပ်ငန်းစနစ် Community Based Policing စီမံချက်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး အတွင်း ၂၅ မြို့နယ်ဆောင်ရွက်လျက်ရှိရာမှ ၂၀၁၈ ခုနှစ်အတွင်းတွင် ကိုကိုးကျွန်းမြို့နယ်မှအပ ကျန် (၄၄) မြို့နယ်များအနက် စီမံချက်ဆောင်ရွက်ရန်ရှိပြီး ကျန်ရှိသည့် (၁၉) မြို့နယ်တို့ကိုလည်း မှုခင်းဖြစ်ပွားမှုများသည့် နယ်မြေများကို ရွေးချယ်၍ ဦးစားပေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.