Connect with us

Politics, Law & Military

၂ဝ၁၇ ခုနှစ်အတွင်း သူရဘွဲ့ငါးဦး၊သူရဲကောင်းလက်မှတ် ၆၃ဦးနှင့် ဂုဏ်ထူးဆောင် လက်မှတ် ၁၇၉ ဦး ရရှိ

နိုင်ငံတော်သမ္မတက သူရဘွဲ့ရရှိသူများအား ဆုချီးမြှင့်စဉ်(ဓာတ်ပုံ-သမ္မတရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

၂ဝ၁၇ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သူရဘွဲ့ ရရှိ ငါးဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ၆၃ ဦးနှင့် ဂုဏ်ထူးဆောင် လက်မှတ် ၁၇၉ ဦးရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယနေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သူရဘွဲ့ ရရှိ ငါးဦးအား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ လည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်က သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ရရှိသူများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိသူများနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ် ရရှိသူများအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတဦးထင်ကျော် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင် ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့သည်။

” နိုင်ငံတော်လုံခြုံရေး ၊ ရပ်ရွာအေးချမ်းသာ ယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် မိမိအသက်နဲ့ခန္ဓာကို ပဓာနမထားဘဲ ကြံ့ခိုင်တဲ့စိတ်ဓာတ် ၊ စံတင်ထိုက်တဲ့စွမ်းရည်၊ ဂုဏ်ယူထိုက်တဲ့ အံ့ချီးဖွယ်စွန့်စားခြင်း မျိုးနဲ့ အများနဲ့မတူ ထူးကဲမွန်မြတ်စွာ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ် များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းဖို့အတွက် ယခုလို ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်။ စိစစ်ရေးအဖွဲ့ရဲ့ ထောက်ခံတင်ပြချက်အရ ဒီကနေ့မှာ သူရဘွဲ့ တံဆိပ်ရရှိသူ (၅) ဦးတို့ကို ဂုဏ်ယူစွာနဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်”ဟု နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.